မဿဲ 8:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။ Ver CapítuloCommon Language Bible4 သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible4 ယေ ရှု က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော မိ စေ ရန် သ တိ ပြု လော့။ ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သော အ လှူ ကို သက် သေ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ၏။ Ver CapítuloJudson Bible4 ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ4 ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- Ver Capítulo |