သူသည် ပင်လယ်ပြင်အလယ်တွင် ပိုက်ကွန်လှန်းစရာနေရာ ဖြစ်လိမ့်မည်။ ငါဘုရားရှင်ထာဝရဘုရား မိန့်ဆိုပြီ။ လူမျိုးတကာတို့ လုယူဖျက်ဆီးရာ ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ယေဇကျေလ 27:4 - မြန်မာ့စံမီသမ္မာကျမ်း သင်၏နယ်နိမိတ်သည် ပင်လယ်ထဲ၌ရှိ၏။ ဗိသုကာပညာရှင်တို့သည် သင့်ကိုလှပအောင် တည်ဆောက်ထားပြီ။ Common Language Bible ပင်လယ်သည်သင်နေထိုင်ရာအရပ်ဖြစ်၏။ သင်၏ဗိသုကာတို့သည်သင့်အားလှပစွာ တည်ဆောက်ထားကြ၏။ Garrad Bible သ မု ဒ္ဒ ရာ အ နှစ် သာ ရ ကို ပိုင် သော သင်၏ အ ဆင်း လှ ခြင်း ကို၊ ဗိသု ကာ တို့ စုံ လင် စေ ခဲ့ ကြ ပြီ။ Judson Bible သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှာ ပြုကြပြီ။ |
သူသည် ပင်လယ်ပြင်အလယ်တွင် ပိုက်ကွန်လှန်းစရာနေရာ ဖြစ်လိမ့်မည်။ ငါဘုရားရှင်ထာဝရဘုရား မိန့်ဆိုပြီ။ လူမျိုးတကာတို့ လုယူဖျက်ဆီးရာ ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ပင်လယ်ဝ၌ တည်၍ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိလူတို့နှင့် ကုန်သွယ်သောတိုင်ရာမြို့အား သင်ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ သင်က ငါသည် အလှတရားနှင့်ပြည့်စုံ၏ဟု ဆိုလေပြီ။
သင်္ဘောပျဉ်ပြားကို စနိရတောင်ပေါ်မှလာသောထင်းရှူးသားများနှင့် လုပ်ထား၏။ ရွက်တိုင်ကို လက်ဘနွန်တောင်မှလာသောသစ်ကတိုးသားများနှင့် လုပ်ထား၏။
သင့်ကိုဖန်ဆင်းသည့်နေ့မှစ၍ သင်ပြုခဲ့သောမတရားမှုပေါ်လာသည့်နေ့တိုင်အောင် အပြစ်တင်စရာတစ်စုံတစ်ခုမျှမရှိခဲ့။
သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။