Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 27:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ပင်လယ်ဝ​၌ တည်​၍ ကမ်းရိုးတန်းဒေသ​တစ်လျှောက်​ရှိ​လူ​တို့​နှင့် ကုန်သွယ်​သော​တိုင်ရာ​မြို့​အား သင်​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို တိုင်ရာ​မြို့​၊ သင်​က ငါ​သည် အလှတရား​နှင့်​ပြည့်စုံ​၏​ဟု ဆို​လေ​ပြီ​။

Ver Capítulo Copiar

Common Language Bible

3 ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။ ``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။

Ver Capítulo Copiar

Garrad Bible

3 မြောက် မြား သော ကျွန်း အ ရောက်၊ လူ အ မျိုး မျိုး တို့ ကုန် သွယ် ရာ သ မု ဒ္ဒ ရာ ဝင် ထွက် ဝ ဖြစ် သော အို မြို့ တော်၊ အ ရှင် ထာ ဝ ရ ဘု ရား က အင်္ဂါ မ ယွင်း၊ ငါ အ ဆင်း လှ သည် ဟု ထောင် လွှား သော အို တု ရု မြို့၊

Ver Capítulo Copiar

Judson Bible

3 အို ပင်​လယ်​ဝ၌​တည်​သော​မြို့၊ များ​စွာ​သော ကျွန်း​သူ​ကျွန်း​သား​တို့​အ​ဖို့ ကုန်​သွယ်​တတ်​သော​မြို့၊ သင့်​ကို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင်​က၊ ငါ၏​တင့်​တယ်​ခြင်း​စုံ​လင်​ပြီ​ဟု ဆို​တတ်၏။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 27:3
15 Referencias Cruzadas  

ဘုရားသခင်​သည် လှပ​ခြင်း​နှင့်​ပြည့်စုံ​သော ဇိအုန်​ပေါ်မှ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​၏​။


ဂေဗလ​လူမျိုး​၊ အမ္မုန်​လူမျိုး​နှင့်​အာမလက်​လူမျိုး​များ​၊ တိုင်ရာ​မြို့သား​များ​နှင့် ဖိလိတ္တိ​ပြည်သား​များ ပါဝင်​ကြ​ပါ​၏​။


ကုန်သွယ်​သင်္ဘော​များ​ကဲ့သို့ မိမိ​၏​အစားအစာ​ကို ဝေးလံ​သော​အရပ်​မှ​သယ်ဆောင်​လာ​တတ်​၏​။


ထာဝရဘုရား​သည် ပင်လယ်ပြင်​ပေါ် လက်​တော်​ကို​ဆန့်​တော်မူ​ပြီ​။ တိုင်းနိုင်ငံ​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​တော်မူ​ပြီ​။ ခါနာန်​ပြည်​၏​ခံတပ်​များ​ကို​ဖျက်ဆီး​ရန် မိန့်​တော်မူ​ပြီ​။


‘သို့သော် သင်​သည် အလှဂုဏ်မောက်​၍ သင်​၏​ကျော်ကြားမှု​သည် သင့်​ကို ပြည့်တန်ဆာ​အဖြစ်​သို့ တွန်းပို့​လေ​ပြီ​။ ရာဂစိတ်​ပြင်းထန်​၍ သင့်​အနား​ဖြတ်သန်းသွားလာ​သော​သူ​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သင့်​အလှ​သည် သူ​တို့​အဖို့​ဖြစ်သွား​၏​။


သင်​၏​ဥစ္စာပစ္စည်း​များ​ကို​လုယူ​မည်​။ ကုန်ပစ္စည်း​များ​ကို သိမ်းယူ​မည်​။ မြို့ရိုး​တို့​ကို​ဖြိုဖျက်​လိမ့်မည်​။ အိမ်ကြီးအိမ်ကောင်း​များ​ကို ဖြိုဖျက်​ပြီး ကျောက်​များ​၊ သစ်သား​များ​ကို အမှုန့်ပါမကျန် ပင်လယ်​ထဲ​သို့​ပစ်ချ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် သင့်​ကြောင့်​ငိုကြွေး​လျက် အို ပင်လယ်သား​နေ​သော​မြို့​၊ ပင်လယ်ပြင်​မှာ​အားကြီး​သော​မြို့​၊ ကျော်စော​သော​မြို့​၊ သင်​သည် ပျက်စီး​လေ​ပြီ​တကား​။ မြို့သား​တို့​သည် ပင်လယ်သား​အားလုံး​ကို ကြောက်ရွံ့တုန်လှုပ်​စေ​ခဲ့​၏​။


သင်​၏​နယ်နိမိတ်​သည် ပင်လယ်​ထဲ​၌​ရှိ​၏​။ ဗိသုကာပညာရှင်​တို့​သည် သင့်​ကို​လှပ​အောင် တည်ဆောက်​ထား​ပြီ​။


အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေကြီး​၏​ကုန်သည်​တို့​သည်​လည်း သူ​၏​လွန်ကျူး​သော​ဇိမ်ခံ​ခြင်း​အရှိန်အဝါ​အားဖြင့် ချမ်းသာ​လာ​ကြ​၏”​ဟု ဆို​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos