ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။
ယောဘဝတ္တု။ 33:12 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ သင်ပြောသောစကားတို့သည် မမှန်ကန်ဟု အကျွန်ုပ်ဆိုမည်။ အကြောင်းမူကား ဘုရားသခင်သည် လူထက် ပို၍ကြီးမြတ်တော်မူ၏။ Common Language Bible ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။ Garrad Bible ထို သို့ ဆို ရာ၌ သင် မ ဖြောင့် မ မှန်။ ဘု ရား သ ခင် သည် လူ ထက် ကြီး မြတ် တော် မူ ကြောင်း ကို၊ အ ကျွန်ုပ် တုံ့ ပြန် ပါ မည်။ Judson Bible ထိုသို့ဆိုသော် မှားပြီ။ ငါပြန်ပြောသောစကားဟူမူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက်ကြီးမြတ်တော်မူ၏။ |
ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
အကယ်စင်စစ် လူသည် ဘုရားသခင်ရှေ့တော်သို့လာ၍ စီရင်ခြင်းကိုခံမည်။ ထို့အတွက် ကိုယ်တော်သည် ပြန်၍သုံးသပ်မည်မဟုတ်။
“သင်က ‘ဘုရားသခင်ထက် ငါဖြောင့်မတ်သည်’ဟု ဆိုသည်မှာ မှန်ကန်သည်ဟု သင်ထင်သလော။
ဘုရားသခင်သည် တန်ခိုးကြီးတော်မူသော်လည်း မည်သူ့ကိုမျှ မထီမဲ့မြင်ပြုတော်မမူ။ စိတ်ဓာတ်ခွန်အားလည်း ကြီးမားတော်မူ၏။
“အပြစ်တင်ပြောဆိုတတ်သောသူ၊ သင်သည် အနန္တတန်ခိုးရှင်ကို ဖက်ပြိုင်မည်လော။ ဘုရားသခင်နှင့် ငြင်းခုံလိုသောသူ၊ သင်ပြန်ပြောပါလော့”ဟု မိန့်တော်မူလျှင်
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ထာဝရဘုရားက “အို အစ္စရေးအမျိုးအနွယ်တို့၊ အိုးထိန်းသည် ပြုသကဲ့သို့ သင်တို့ကို ငါပြုနိုင်သည်မဟုတ်လော။ ကြည့်ရှုလော့။ ရွှံ့စေးသည် အိုးထိန်းသည်လက်၌ရှိသကဲ့သို့ အစ္စရေးအမျိုးအနွယ်တို့သည် ငါ့လက်၌ရှိ၏။
သင်တို့က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။