နှာခေါင်းဖြင့်အသက်ရှူတတ်သည့်သက်ရှိသတ္တဝါတည်းဟူသော ကုန်းပေါ်မှာရှိလေသမျှသတ္တဝါတို့သည် သေကြကုန်၏။
ဗျာဒိတ် 16:3 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။ Common Language Bible ထို့နောက်ဒုတိယကောင်းကင်တမန်သည်မိမိ ဖလားမှ အမျက်တော်ကိုကမ္ဘာမြေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါပင်လယ်ရေသည်လူ သေ၏သွေးကဲ့သို့ဖြစ်လေ၏။ ပင်လယ်ထဲရှိ ရေသတ္တဝါမှန်သမျှသည်သေကုန်၏။ Garrad Bible ဒု တိ ယ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို သ မု ဒ္ဒ ရာ ပေါ် သို့ သွန်း လောင်း သော် ရေ သည် လူ သေ၏ သွေး ကဲ့ သို့ ဖြစ် သ ဖြင့် သ မု ဒ္ဒ ရာ ရှိ သ တ္တ ဝါ ဟူ သ မျှ သေ ကြ ၏။ Judson Bible ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုတိယကောင်းကင်တမန်သည် သူ၏ ဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် လူသေ၏ သွေးကဲ့သို့ ဖြစ်သွားပြီး ပင်လယ်၌ရှိသော သတ္တဝါအားလုံး သေကုန်လေ၏။ |
နှာခေါင်းဖြင့်အသက်ရှူတတ်သည့်သက်ရှိသတ္တဝါတည်းဟူသော ကုန်းပေါ်မှာရှိလေသမျှသတ္တဝါတို့သည် သေကြကုန်၏။
ကိုယ်တော်သည် သူတို့၏ရေများကို သွေးဖြစ်စေ၍ သူတို့၏ငါးများကို သေစေတော်မူ၏။
ကိုယ်တော်သည် ထိုပြည်သားတို့၏မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍မရခဲ့ကြပေ။
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
သူ၏လက်၌ ဖွင့်ထားသောစာလိပ်ငယ်တစ်ခုရှိ၏။ သူသည် မိမိ၏ယာဘက်ခြေထောက်ကို ပင်လယ်ပေါ်တွင်လည်းကောင်း၊ ဝဲဘက်ခြေထောက်ကို ကုန်းမြေပေါ်တွင်လည်းကောင်း ချထားကာ
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။
ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။