ဗျာဒိတ် 13:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။ Ver CapítuloCommon Language Bible1 ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။- Ver CapítuloGarrad Bible1 ထို အ ခါ မ ကိုဋ် ဆယ် သျှောင် ပါ သည့် ဦး ချို ဆယ် ချောင်း၊ ပုတ် ခတ် ခြင်း ဘွဲ့ များ ပါ သည့် ဦး ခေါင်း ခု နစ် လုံး နှင့် ပြည့် စုံ၍၊ Ver CapítuloJudson Bible1 ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တစ်ကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း1 ထို့နောက် သားရဲတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုသားရဲ၌ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး ထိုဦးချိုများတွင် သရဖူဆယ်ခုရှိ၏။ ခေါင်းတစ်လုံးစီအပေါ်၌ ဘုရားသခင်ကို စော်ကားသောအမည်များကို ရေးထား၏။ Ver Capítulo |
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။
ရုပ်တု၏ခြေနှင့် ခြေချောင်းတို့မှာ အိုးဖုတ်ရွှံ့စေးတစ်ပိုင်းနှင့် သံတစ်ပိုင်းဖြစ်သည်ကို အရှင်မင်းကြီးမြင်ခဲ့၏။ ဤနိုင်ငံသည် အချင်းချင်းကွဲပြားသောနိုင်ငံ ဖြစ်လိမ့်မည်။ အရှင်မင်းကြီးမြင်ရသည့်အတိုင်း ရွှံ့စေးနှင့် သံရောထားသည်ဖြစ်၍ ဤနိုင်ငံသည် သံကဲ့သို့ မာကျောလိမ့်မည်။