ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ဒံယေလ 7:1 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်ဗေလရှာဇာမင်းကြီး နန်းစံပထမနှစ်တွင် ဒံယေလသည် အိပ်ရာပေါ်တွင်အိပ်နေစဉ် စိတ်အာရုံတွင် အိပ်မက်တစ်ခုကို မြင်မက်လေ၏။ ထိုအခါ သူသည် ထိုအိပ်မက်ကို ရေးမှတ်ထားပြီး အိပ်မက်၏အနှစ်ချုပ်ကိုပြောပြ၏။ Common Language Bible ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။ Garrad Bible ဗာ ဗု လုန် ဘု ရင် ဗေ လ ရှာ ဇာ မင်း နန်း စံ ပ ထ မ နှစ် တွင် ဒံ ယေ လ သည် မြင် မက်၍ အိပ် ရာ ပေါ် တွင် မ နော ရူ ပါ ရုံ မြင် ပြီး သော ထို အိပ် မက် အ ချုပ် အ ချာ ကို ရေး သား ပြန် ကြား လေ ၏။ Judson Bible ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပထမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသောအချက်ကား၊ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ညအချိန်၌ စိတ်အာရုံဖြင့် အစ္စရေးအား “ယာကုပ်၊ ယာကုပ်”ဟု ခေါ်လျှင် ယာကုပ်က “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
နောင်လာမည့်ကာလအတွက် ထာဝရသက်သေဖြစ်စေရန် ယခု သွား၍ သူတို့ရှေ့၌ ထိုစာကို ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားလော့။ စာလိပ်တွင် ရေးမှတ်ထားလော့။
တစ်ဖန် ထာဝရဘုရားက ငါ့အား “သင်သည် ကျောက်ပြားကြီးတစ်ချပ်ကိုယူ၍ ကညစ်တံဖြင့် ‘မဟေရရှာလလဟာရှဗတ်’ဟူ၍ ရေးသားလော့။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူ၏နိုင်ငံအဆုံးမရောက်မီအထိ လူမျိုးအပေါင်းတို့သည် သူနှင့်သူ၏သားမြေးတို့ထံ၌ အစေခံရလိမ့်မည်။ ထို့နောက်မှ သူသည် လူမျိုးကြီးများ၊ တန်ခိုးကြီးသောဘုရင်များထံ အစေခံရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။
ထိုအခါ ယေရမိသည် နေရိ၏သား ဗာရုတ်ကိုခေါ်ပြီး ထာဝရဘုရားမိန့်တော်မူသောစကားအလုံးစုံတို့ကို နှုတ်မှခေါ်ပေး၍ ဗာရုတ်သည် စာလိပ်တစ်လိပ်ပေါ်တွင် ရေးမှတ်လေ၏။
အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။
နိမိတ်အာရုံထဲတွင် ဘုရားသခင်က ငါ့ကို အစ္စရေးပြည်သို့ဆောင်သွား၍ အလွန်မြင့်သောတောင်ပေါ်တွင်ချထား၏။ တောင်ဘက်တွင် မြို့နှင့်တူသောအဆောက်အအုံကို တွေ့ရ၏။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
နေဗုခဒ်နေဇာမင်းကြီးသည် နန်းစံဒုတိယနှစ်တွင် အိပ်မက်မက်သဖြင့် စိတ်သောကရောက်၍ စက်တော်မခေါ်နိုင်ဘဲဖြစ်၏။
ရှင်ဘုရင်ကလည်း ဗေလတရှာဇာခေါ် ဒံယေလအား “ငါမက်သောအိပ်မက်နှင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်သလော”ဟု မေးလျှင်
သလွန်တော်ပေါ်တွင် တွေးတောလျက်နေစဉ် တစ်ဖန် စိတ်အာရုံတွင် မြင်ရပြန်၏။ သန့်ရှင်းသူကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှဆင်းသက်လာပြီး
အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။
ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်အတွက် စားသောက်ပွဲကြီးကို ကျင်းပ၍ သူတို့နှင့်အတူ စပျစ်ဝိုင်ကို သောက်လျက်နေ၏။
သို့သော် သူ၏သားတော်ဖြစ်သူ အရှင်ဗေလရှာဇာ၊ သင်သည် ထိုအမှုအလုံးစုံကို သိလျက်ပင် စိတ်နှလုံးမနှိမ့်ချဘဲ
ညအချိန် စိတ်အာရုံတွင် လူသားနှင့်တူသောသူတစ်ဦး မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို ငါမြင်ရ၏။ ရှေးအရှင်သခင်ရှိရာသို့ရောက်လာသောအခါ သူ့ကိုအထံတော်သို့ ခေါ်သွင်းကြ၏။
ငါဒံယေလ၏အတွင်းဝိညာဉ်သည် ပူဆွေးလျက်ရှိ၏။ ငါမြင်ရသောစိတ်အာရုံကြောင့် ငါထိတ်လန့်နေ၏။
တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။
ငါဒံယေလသည် ပထမအကြိမ်ဗျာဒိတ်နိမိတ်ကို မြင်ရပြီးနောက် ဗေလရှာဇာမင်းကြီးနန်းစံတတိယနှစ်တွင် နောက်တစ်ကြိမ် မြင်ရပြန်၏။
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုကြသောအခါ ငါသည်ရေးမှတ်မည်ပြုစဉ် ကောင်းကင်မှအသံက “မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုသောအရာများကို တံဆိပ်ခတ်ထားလော့။ ၎င်းတို့ကိုရေးမှတ်မထားနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။