ဒံယေလ 4:5 - မြန်မာ့စံမီသမ္မာကျမ်း5 အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။ Ver CapítuloCommon Language Bible5 ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။- Ver CapítuloGarrad Bible5 အိပ် မက် ကို မြင် ရ သ ဖြင့် သာ လွန် ပေါ် တွင် စက် လျက် ဆင် ခြင် စဉ်း စား သော် မ နော ရူ ပါ ရုံ ကြောင့် ကြောက် လန့် ပူ ပန် ပါ၏။ Ver CapítuloJudson Bible5 ကြောက်မက်ဖွယ်သော အိပ်မက်ကိုမြင်၍၊ သလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။ Ver Capítulo |
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။