ဒံယေလ 7:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဒံယေလပြောပြသည်မှာ “ညအချိန် ငါမြင်ရသောစိတ်အာရုံတွင် မိုးကောင်းကင်အရပ်လေးမျက်နှာမှလေသည် သမုဒ္ဒရာပြင်တွင် ဝေ့ဝိုက်တိုက်ခတ်နေ၏။ Ver CapítuloCommon Language Bible2 လေတို့သည်အရပ်လေးမျက်နှာမှတိုက်ခတ်သဖြင့် သမုဒ္ဒရာရေပြင်တွင်ပြင်းစွာလှိုင်းတံပိုးထလေ၏။- Ver CapítuloGarrad Bible2 ထို သို့ ဒံ ယေ လ ပြန် ကြား ချက် ကား၊ Ver CapítuloJudson Bible2 ငါ ဒံယေလသည် ညအခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ Ver Capítulo |
သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။
တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။