Biblia Todo Logo
La Biblia Online
- Anuncios -




ဒံ​ယေ​လ 7:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဘေဘီလုံ​ဘုရင်​ဗေလရှာဇာ​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ဒံယေလ​သည် အိပ်ရာ​ပေါ်တွင်​အိပ်​နေစဉ် စိတ်အာရုံ​တွင် အိပ်မက်​တစ်ခု​ကို မြင်မက်​လေ​၏​။ ထိုအခါ သူ​သည် ထို​အိပ်မက်​ကို ရေးမှတ်​ထား​ပြီး အိပ်မက်​၏​အနှစ်ချုပ်​ကို​ပြောပြ​၏​။

Ver Capítulo Copiar

Common Language Bible

1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​ပ​ထ​မ​နှစ်​၌ ငါ​သည်​ညဥ့်​အ​ခါ​အိပ်​မက်​တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထို​အိပ်​မက်​၏​အ​ကြောင်း​ကို​ငါ​သည်​ဤ​သို့​မှတ်​တမ်း​ရေး​ထား​သ​တည်း။

Ver Capítulo Copiar

Garrad Bible

1 ဗာ ဗု လုန် ဘု ရင် ဗေ လ ရှာ ဇာ မင်း နန်း စံ ပ ထ မ နှစ် တွင် ဒံ ယေ လ သည် မြင် မက်၍ အိပ် ရာ ပေါ် တွင် မ နော ရူ ပါ ရုံ မြင် ပြီး သော ထို အိပ် မက် အ ချုပ် အ ချာ ကို ရေး သား ပြန် ကြား လေ ၏။

Ver Capítulo Copiar

Judson Bible

1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ဒံ​ယေ​လ​သည် အိပ်​မက်​ကို​မြင်၍ အိပ်​ပျော်​စဉ်၊ စိတ်​ထဲ၌​အာ​ရုံ​ပြု​ပြီး​မှ မြင်​မက်​သော အ​ရာ​တို့​ကို ရေး​ထား​သော​အ​ချက်​ကား၊

Ver Capítulo Copiar




ဒံ​ယေ​လ 7:1
34 Referencias Cruzadas  

ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် စိတ်အာရုံ​အားဖြင့် အာဗြံ​ထံသို့​ရောက်လာ​၍ “​အာဗြံ​၊ မ​ကြောက်​နှင့်​။ ငါ​သည် သင်​၏​ဒိုင်းလွှား​ဖြစ်​၏​။ သင်​ရရှိ​မည့်​ဆုလာဘ်​သည် အလွန်​ကြီးမား​၏​”​ဟု မိန့်​တော်မူ​၏​။


ဘုရားသခင်​သည် ညအချိန်​၌ စိတ်အာရုံ​ဖြင့် အစ္စရေး​အား “​ယာကုပ်​၊ ယာကုပ်​”​ဟု ခေါ်​လျှင် ယာကုပ်​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။


လူ​တို့​အိပ်မောကျ​နေ​ချိန် ည​စိတ်အာရုံ​ထဲတွင် ပူပန်စရာ​အတွေး​များ ရောက်လာ​၍


နောင်လာမည့်​ကာလ​အတွက် ထာဝရ​သက်သေ​ဖြစ်​စေရန် ယခု သွား​၍ သူ​တို့​ရှေ့​၌ ထို​စာ​ကို ကျောက်ပြား​ပေါ်တွင် အက္ခရာတင်​ထား​လော့​။ စာလိပ်​တွင် ရေးမှတ်​ထား​လော့​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​သင်​သည် ကျောက်ပြား​ကြီး​တစ်​ချပ်​ကို​ယူ​၍ ကညစ်တံ​ဖြင့် ‘​မဟေရရှာလလဟာရှဗတ်​’​ဟူ၍ ရေးသား​လော့​။


အိပ်မက်​နိမိတ်​ရ​သော​ပရောဖက်​သည် သူ့​အိပ်မက်​ကို ဟော​ပါစေ​။ နှုတ်ကပတ်တော်​ကို​ရ​သော​သူ​သည် နှုတ်ကပတ်တော်​ကို သစ္စာရှိ​စွာ​ဟော​ပါစေ​။ အဖျင်း​နှင့်​စပါး မည်သို့​ဆိုင်​သနည်း​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​၏​နိုင်ငံ​အဆုံး​မ​ရောက်​မီ​အထိ လူမျိုး​အပေါင်း​တို့​သည် သူ​နှင့်​သူ​၏​သား​မြေး​တို့​ထံ၌ အစေခံ​ရ​လိမ့်မည်​။ ထို့နောက်မှ သူ​သည် လူမျိုး​ကြီး​များ​၊ တန်ခိုးကြီး​သော​ဘုရင်​များ​ထံ အစေခံ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ယေရမိ​သည် စာလိပ်​နောက်​တစ်​လိပ်​ကို​ယူ​၍ နေရိ​၏​သား စာရေးတော်ကြီး​ဗာရုတ်​အား ပေး​လေ​၏​။ ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး မီး​ရှို့​ပစ်​သော​စာလိပ်​၌​ပါ​သည့်​စကား​အတိုင်း ယေရမိ​သည် နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​ရေးမှတ်​လေ​၏​။ ထိုသို့သော နှုတ်ထွက်​စကား​များစွာ​ကို​လည်း ထပ်၍​ဖြည့်စွက်​ခေါ်ပေး​သေး​၏​။


ထိုအခါ ယေရမိ​သည် နေရိ​၏​သား ဗာရုတ်​ကို​ခေါ်​ပြီး ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​သည် စာလိပ်​တစ်လိပ်​ပေါ်တွင် ရေးမှတ်​လေ​၏​။


အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။


နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။


ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။


နေဗုခဒ်နေဇာ​မင်းကြီး​သည် နန်းစံ​ဒုတိယ​နှစ်​တွင် အိပ်မက်​မက်​သဖြင့် စိတ်သောက​ရောက်​၍ စက်တော်​မ​ခေါ်​နိုင်​ဘဲ​ဖြစ်​၏​။


ရှင်ဘုရင်​က​လည်း ဗေလတရှာဇာ​ခေါ် ဒံယေလ​အား “​ငါ​မက်​သော​အိပ်မက်​နှင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​သလော​”​ဟု မေး​လျှင်


သလွန်တော်​ပေါ်တွင် တွေးတော​လျက်​နေစဉ် တစ်ဖန် စိတ်အာရုံ​တွင် မြင်​ရ​ပြန်​၏​။ သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး


အိပ်မက်​တစ်​ခု​ကို မြင်မက်​၏​။ ထို​အိပ်မက်​သည် ငါ့​ကို ခြောက်လှန့်​၏​။ သလွန်တော်​ပေါ်တွင်​လဲလျောင်း​နေစဉ် တွေးမိ​သော​အတွေး​၊ စိတ်အာရုံ​တွင် မြင်​ရ​သော​အရာ​တို့​က ငါ့​ကို ထိတ်လန့်​စေ​၏​။


ဗေလရှာဇာ​မင်းကြီး​သည် မှူးမတ်​တစ်ထောင်​အတွက် စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၍ သူ​တို့​နှင့်အတူ စပျစ်ဝိုင်​ကို သောက်​လျက်​နေ​၏​။


သို့သော် သူ​၏​သား​တော်​ဖြစ်​သူ အရှင်​ဗေလရှာဇာ​၊ သင်​သည် ထို​အမှု​အလုံးစုံ​ကို သိ​လျက်ပင် စိတ်နှလုံး​မ​နှိမ့်ချ​ဘဲ


ထို​ည​တွင်​ပင် ခါလဒဲ​ဘုရင် ဗေလရှာဇာ​မင်းကြီး ကွပ်မျက်​ခံရ​လေ​၏​။


ညအချိန် စိတ်အာရုံ​တွင် လူသား​နှင့်​တူ​သော​သူ​တစ်ဦး မိုး​တိမ်​ကို​စီး​လျက်​ကြွလာ​သည်​ကို ငါ​မြင်​ရ​၏​။ ရှေး​အရှင်သခင်​ရှိ​ရာ​သို့​ရောက်လာ​သောအခါ သူ့​ကို​အထံ​တော်​သို့ ခေါ်သွင်း​ကြ​၏​။


ငါ​ဒံယေလ​၏​အတွင်းဝိညာဉ်​သည် ပူဆွေး​လျက်​ရှိ​၏​။ ငါ​မြင်​ရ​သော​စိတ်အာရုံ​ကြောင့် ငါ​ထိတ်လန့်​နေ​၏​။


တစ်ဖန် ထို​ညအချိန် စိတ်အာရုံ​တွင် စတုတ္ထ​သားရဲ​ကို ငါ​မြင်​ရ​၏​။ ထို​သားရဲ​သည် အလွန်​တန်ခိုးကြီး​၍ ကြောက်မက်​ဖွယ်​၊ ထိတ်လန့်ဖွယ် ကောင်း​၏​။ အလွန်​သန်မာ​၏​။ သံ​သွား​ကြီး​များ ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​နေ​၏​။ အကြွင်းအကျန်​ကို​ခြေ​ဖြင့်​လည်း နင်းချေဖျက်ဆီး​၏​။ ထို​သားရဲ​သည် ယခင်​သားရဲ​တို့​နှင့်​မတူ တစ်မူ​ထူးခြား​၏​။ ချို​ဆယ်​ချောင်း ပါ​၏​။


ငါ​ဒံယေလ​သည် ပထမ​အကြိမ်​ဗျာဒိတ်နိမိတ်​ကို မြင်​ရ​ပြီးနောက် ဗေလရှာဇာ​မင်းကြီး​နန်းစံ​တတိယ​နှစ်​တွင် နောက်တစ်ကြိမ် မြင်​ရ​ပြန်​၏​။


ထို့နောက်မှ လူ​အပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ သင်​တို့​၏​သား​သမီး​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​သည် အိပ်မက်​ကို မြင်​ရ​လိမ့်မည်​။ လူပျို​တို့​သည်​လည်း စိတ်အာရုံ​ကို မြင်​ရ​ကြ​လိမ့်မည်​။


စင်စစ် ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​အကြံအစည်​တော်​ကို အစေအပါး​ပရောဖက်​တို့​အား မ​ဖွင့်ပြ​ဘဲ မည်သည့်​အမှု​ကို​မျှ ပြု​တော်​မ​မူ​။


ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ဤ​ဗျာဒိတ်နိမိတ်​ကို ရေးမှတ်​ထား​လော့​။ ဖတ်​သော​သူ​သည် အပြေးအလွှား​ဖတ်​နိုင်​မည့်​အကြောင်း ကျောက်ပြား​ပေါ်တွင် ရှင်းလင်း​စွာ​ရေးသား​လော့​။


ထိုအခါ ထာဝရဘုရား​က “​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သင်​တို့​တွင် ပရောဖက်​ရှိ​လျှင် ငါ​ထာဝရဘုရား​သည် ထို​ပရောဖက်​အား နိမိတ်အာရုံ​အားဖြင့် ကိုယ်ထင်ရှားပြ​မည်​။ အိပ်မက်​အားဖြင့် မိန့်မြွက်​မည်​။


အကြောင်းမူကား ရှေး​အခါ​က​ရေး​ထား​သမျှ​သော​အရာ​သည် ငါ​တို့​ကို​သွန်သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်းစာ​၌​ပါ​သော သည်းခံ​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​အားဖြင့် ငါ​တို့​၌ မျှော်လင့်​ခြင်း​ရှိ​စေရန်​ဖြစ်​၏။


ငါ​သည် ဝါကြွား​ရ​မည်​ဖြစ်၍ အကျိုး​မ​ရှိ​သော်လည်း သခင်​ဘုရား​ပေး​တော်မူ​သော ရူပါရုံ​နှင့်​ဗျာဒိတ်​တော်​အကြောင်း​များ​ကို ဆက်​၍​ပြော​ပါ​မည်။


ထို့ကြောင့် သင်​မြင်​ခဲ့​ရ​သော​အရာ​များ၊ ယခု​ဖြစ်​နေ​သော​အရာ​များ​နှင့် နောင်တွင်​ဖြစ်ပျက်​တော့​မည့်​အရာ​များ​ကို ရေး​ထား​လော့။


မိုးချုန်း​သံ​ခုနစ်​ချက်​တို့​မြွက်ဆို​ကြ​သောအခါ ငါ​သည်​ရေးမှတ်​မည်​ပြု​စဉ် ကောင်းကင်​မှ​အသံ​က “မိုးချုန်း​သံ​ခုနစ်​ချက်​တို့​မြွက်ဆို​သော​အရာ​များ​ကို တံဆိပ်​ခတ်​ထား​လော့။ ၎င်း​တို့​ကို​ရေးမှတ်​မ​ထား​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos