ဟေရှာယ 30:8 - မြန်မာ့စံမီသမ္မာကျမ်း8 နောင်လာမည့်ကာလအတွက် ထာဝရသက်သေဖြစ်စေရန် ယခု သွား၍ သူတို့ရှေ့၌ ထိုစာကို ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားလော့။ စာလိပ်တွင် ရေးမှတ်ထားလော့။ Ver CapítuloCommon Language Bible8 ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။- Ver CapítuloGarrad Bible8 သူ တို့ ရှေ့ ဝင် သွား ပြီး လျှင်၊ နောင် ကာ လ အ စဉ် အ ဆက် သက် သေ အ ဖြစ် ဖြင့်၊ ထို အ မည် ကို သင် ပုန်း တွင် ရေး ထား လျက်၊ စာ စောင် တွင် လည်း မှတ် သား လော့။ Ver CapítuloJudson Bible8 သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊ Ver Capítulo |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။