La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 3:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် အီဂျစ်​ဘုရင်​သည် အားကြီး​သော​လက်​တော်​ကြောင့်​မ​ဟုတ်​လျှင် သင်​တို့​အား သွား​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။

Ver Capítulo

Common Language Bible

အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-

Ver Capítulo

Garrad Bible

အိ ဂျစ် ဘု ရင် သည် အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ လျက် ပင် သွား ခွင့် မ ပေး အံ့ သည် ကို ငါ သိ ၏။

Ver Capítulo

Judson Bible

အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို မ​တွေ့​မ​မြင်​လျှင်၊ သွား​ရ​သော​အ​ခွင့်​ကို သင်​တို့​အား​မ​ပေး​ကြောင်း​ကို ငါ​သိ၏။

Ver Capítulo



ထွက်​မြောက် 3:19
13 Referencias Cruzadas  

သို့သော် ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။


မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​၏​ရှေ့​၌ ဤ​အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို မိမိ​ပြည်​မှ မ​လွှတ်ပေး​ဘဲ​နေ​လေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​စကား​ကို ဖာရော​မင်းကြီး​နား​မ​ထောင်​ခြင်း​သည် အီဂျစ်​ပြည်​၌ အံ့ဩဖွယ်အမှု​တော် အများအပြား​မြင်​ရ​မည့်​အကြောင်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ဖာရော​မင်းကြီး​သည် ငါ​တို့​ကို လွှတ်ပေး​ရန် ငြင်းဆန်​သောအခါ ထာဝရဘုရား​သည် လူ​တို့​၏​သားဦး​မှစ၍ တိရစ္ဆာန်​တို့​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​၌​ရှိ​သော​သားဦး​အားလုံး​ကို ကွပ်မျက်​တော်မူ​၏​။ ထို့ကြောင့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​အထီး​ရှိသမျှ​တို့​ကို ငါ​တို့​သည် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရ​၏​။ ငါ​တို့​၏​သားယောက်ျား​များ​ထဲမှ သားဦး​ရှိသမျှ​တို့​ကို ပြန်ရွေး​ရ​၏​’​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။


ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။


သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ယခု ငါ​သည် ဖာရော​မင်းကြီး​အား မည်သို့​ပြု​မည်​ကို သင်​တွေ့မြင်​ရ​မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို လွှတ်​လိမ့်မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို သူ​၏​တိုင်းပြည်​မှ နှင်ထုတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဖာရော​မင်းကြီး​က​လည်း “​တောကန္တာရ​ထဲ၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် သင်​တို့​ကို ငါ​လွှတ်ပေး​မည်​။ သို့ရာတွင် ဝေးဝေး​မ​သွား​ရ​။ ငါ့​အတွက်​လည်း​ဆုတောင်း​ပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။


ထိုသို့ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် အစ္စရေး​အမျိုးသား​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။


ထိုအခါ ဖာရော​မင်းကြီး​သည် လူ​ကို​စေလွှတ်​ရာ အစ္စရေး​လူမျိုး​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ​ကြောင်း သိရှိ​၏​။ သို့သော်လည်း ဖာရော​မင်းကြီး​သည် စိတ်နှလုံး​ခိုင်မာ​လျက် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။