Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 4:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

21 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

Ver Capítulo Copiar

Garrad Bible

21 ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် သို့ ပြန် ရောက် လျှင် ငါ အပ် နှင်း သော သက် သေ နိ မိတ် အ မျိုး မျိုး ကို ဖာ ရော မင်း ရှေ့ ပြ ဖြစ် အောင် ပြ လော့။ သို့ ပြ လျက် ပင် သူ့ စိတ် နှ လုံး ကို ငါ ခဲ ယဉ်း စေ သ ဖြင့် ထို လူ မျိုး ကို လွှတ် လိမ့် မည် မ ဟုတ်။

Ver Capítulo Copiar

Judson Bible

21 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။

Ver Capítulo Copiar




ထွက်​မြောက် 4:21
34 Referencias Cruzadas  

ထိုအခါ ထာဝရဘုရား​က “​ငါ​၏​ဝိညာဉ်​သည် လူ​တွင်​ထာဝရ​တည်​မည်​မ​ဟုတ်​။ အကြောင်းမူကား လူ​သည် အသွေးအသား​ခန္ဓာ​သာ​ဖြစ်​သောကြောင့် လူ​၏​သက်တမ်း​သည် အနှစ်​တစ်ရာ့​နှစ်ဆယ်​ဖြစ်စေ​”​ဟု မိန့်​တော်မူ​၏​။


ထို​ဝိညာဉ်​က​လည်း ‘​အကျွန်ုပ်​သွား​၍ ပရောဖက်​အပေါင်း​တို့​၏​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ဖြစ်​မည်​’​ဟု လျှောက်တင်​၏​။ ထာဝရဘုရား​က​လည်း ‘​သင်​ဖြားယောင်း​နိုင်​လိမ့်မည်​။ အောင်​လည်း​အောင်မြင်​လိမ့်မည်​။ သွား​၍ ထိုသို့​ပြု​လော့​’​ဟု မိန့်​တော်မူ​၏​။


မိမိ​လူမျိုး​တော်​ကို​မုန်း​စေရန်​နှင့် မိမိ​အစေအပါး​တို့​အပေါ် ပရိယာယ်သုံး​ကြ​စေရန် ထို​ရန်သူ​တို့​၏​စိတ်နှလုံး​ကို ပြောင်းလဲ​စေ​တော်မူ​၏​။


အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့် ဇောန​အရပ်​၌ တန်ခိုးလက္ခဏာ​များ​ပြု​တော်မူ​ရာ နေ့ရက်​ကို​လည်းကောင်း မ​အောက်မေ့​ကြ​ပေ​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​ထံသို့​ဝင်​လော့​။ ငါ​သည် ဖာရော​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​တို့​ရှေ့​၌ ဤ​နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန်​နှင့်


သို့သော် ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။


ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို လွှတ်ပေး​လို​သော​ဆန္ဒ​မ​ရှိ​။


မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​၏​ရှေ့​၌ ဤ​အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို မိမိ​ပြည်​မှ မ​လွှတ်ပေး​ဘဲ​နေ​လေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​စကား​ကို ဖာရော​မင်းကြီး​နား​မ​ထောင်​ခြင်း​သည် အီဂျစ်​ပြည်​၌ အံ့ဩဖွယ်အမှု​တော် အများအပြား​မြင်​ရ​မည့်​အကြောင်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ဖာရော​မင်းကြီး​မှစ၍ သူ​၏​စစ်သည်​ရှိသမျှ​၊ သူ​၏​စစ်ရထား​များ​၊ သူ​၏​မြင်းစီးသူရဲ​များ​အားဖြင့် ဘုန်းထင်ရှား​လိမ့်မည်​။


ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လိမ့်မည်​။ ဖာရော​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​အားဖြင့် ငါ​၏​ဘုန်းထင်ရှား​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း အီဂျစ်​လူမျိုး​တို့​သည် သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်ဆို​တော်မူ​၏​။ သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။


ထာဝရဘုရား​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို​မာကျော​စေ​သဖြင့် သူ​သည် ဝင့်ကြွား​စွာ​ဖြင့်​ထွက်သွား​ကြ​သော အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လေ​၏​။


သို့သော် အီဂျစ်​ဘုရင်​သည် အားကြီး​သော​လက်​တော်​ကြောင့်​မ​ဟုတ်​လျှင် သင်​တို့​အား သွား​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။


ထို့ကြောင့် ငါ​၏​လက်​ကို​ဆန့်​၍ အီဂျစ်​ပြည်​ထဲ​၌ ငါ​ပြု​မည့် အံ့ဖွယ်​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် ထို​ပြည်​ကို​ဒဏ်ခတ်​မည်​။ ထို့နောက်မှ သူ​သည် သင်​တို့​ကို​လွှတ်​လိမ့်မည်​။


သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​၍ မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။


ဖား​များ​သည် အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း​၊ အရှင့်​အမှုထမ်း​များ​နှင့် အရှင့်​လူ​များ​ထဲမှ​လည်းကောင်း ထွက်သွား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​ကြ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။


ဖာရော​မင်းကြီး​သည် သက်သာ​ရာ​ရ​ကြောင်း​ကို သိမြင်​သောအခါ ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သူ​၏​စိတ်နှလုံး​သည်​ခိုင်မာ​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


သို့ရာတွင် ဖာရော​မင်းကြီး​သည် ဤ​တစ်ကြိမ်​၌​လည်း စိတ်နှလုံး​ခိုင်မာ​ပြန်​၍ အစ္စရေး​လူမျိုး​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။


ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


ထိုသို့ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် အစ္စရေး​အမျိုးသား​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။


ဤ​လူမျိုး​၏​စိတ်နှလုံး​ကို ထုံထိုင်း​စေ​၍ သူ​တို့​၏​နား​ကို လေး​စေ​လော့​။ သူ​တို့​မျက်စိ​ကို​လည်း ကန်း​စေ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​လျက် ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကို အဘယ်ကြောင့် လမ်း​တော်​မှ​လမ်းလွဲ​စေ​သနည်း​။ ကိုယ်တော်​ကို မ​ကြောက်ရွံ့​စေရန် ကျွန်ုပ်​တို့​၏​စိတ်​ကို အဘယ်ကြောင့် ခိုင်မာ​စေ​သနည်း​။ ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​အမွေ​တော်​လူမျိုးစု​အတွက် ပြန်လာ​တော်မူ​ပါ​။


“သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏”​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


ထို့ကြောင့် ဘုရားသခင်​သည် သနား​လို​သော​သူ​ကို သနား​တော်မူ​၍ ခေါင်းမာ​စေ​လို​သော​သူ​ကို ခေါင်းမာ​စေ​တော်မူ​၏။


အချို့​သော​သူ​တို့​အတွက် သေ​ခြင်း​သို့​ပို့ဆောင်​သည့် သေ​ခြင်း​၏​ရနံ့​ဖြစ်​ကြ​ပြီး အချို့​သော​သူ​တို့​အတွက်​ကား အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​သည့် အသက်ရှင်​ခြင်း​၏​ရနံ့​ဖြစ်​ကြ​၏။ သို့ဖြစ်လျှင် ဤ​အမှုအရာ​များ​နှင့် မည်သူ​သည် ထိုက်တန်​သနည်း။


အာနုန်​ချောင်း​စပ်​ရှိ​အာရော်​မြို့​မှစ၍ ထို​ချောင်း​အနား​ရှိ​မြို့​အပါအဝင် ဂိလဒ်​မြို့​တိုင်အောင် ငါ​တို့​ကို​ခုခံ​နိုင်​သော​မြို့​တစ်​မြို့​မျှ​မ​ရှိ​။ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​အားလုံး​ကို ငါ​တို့​အား ပေး​တော်မူ​၏​။


အစ္စရေး​လူမျိုး​တို့​နှင့် စစ်တိုက်​ရန် သူ​တို့​ကို ထာဝရဘုရား​စိတ်ခိုင်မာ​စေ​၏​။ ဤသို့​ဖြစ်​ခြင်း​မှာ သူ​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​ကို မ​သနား​မ​ညှာတာ​ဘဲ တစ်​ယောက်​မ​ကျန်​ကွပ်မျက်​တော်မူ​ရန်​ဖြစ်​၏​။


“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos