Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 11:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​၏​ရှေ့​၌ ဤ​အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို မိမိ​ပြည်​မှ မ​လွှတ်ပေး​ဘဲ​နေ​လေ​၏​။

Ver Capítulo Copiar

Common Language Bible

10 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ရှေ့​၌​အံ့ ဖွယ်​သော​အ​မှု​တို့​ကို​ပြ​သော်​လည်း ထာ​ဝ​ရ ဘု​ရား​သည်​သူ့​ကို​ခေါင်း​မာ​စေ​သ​ဖြင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​တိုင်း​ပြည် မှ​ထွက်​ခွင့်​မ​ပြု​ဘဲ​နေ​သ​တည်း။

Ver Capítulo Copiar

Garrad Bible

10 ဖာ ရော မင်း ရှေ့ မှာ ဆို ခဲ့ သော သက် သေ နိ မိတ် အ မျိုး မျိုး ကို မော ရှေ နှင့် အာ ရုန် ပြု သော် လည်း ထာ ဝ ရ ဘု ရား သည် ဖာ ရော မင်း ၏ စိတ် နှ လုံး ကို ခဲ ယဉ်း စေ တော် မူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ ကို ပြည် တော် မှ မ လွှတ် ဘဲ နေ သေး သ တည်း။

Ver Capítulo Copiar

Judson Bible

10 မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဖာ​ရော​ဘု​ရင်​ရှေ့​မှာ ဤ​အံ့​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြည်​တော်​မှ ထွက်​သွား​ရ​သော​အ​ခွင့်​ကို မ​ပေး​ဘဲ​နေ​သ​တည်း။

Ver Capítulo Copiar




ထွက်​မြောက် 11:10
17 Referencias Cruzadas  

ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။


သို့သော် ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။


ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို လွှတ်ပေး​လို​သော​ဆန္ဒ​မ​ရှိ​။


အီဂျစ်​ပြည်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား


သို့သော် အီဂျစ်​ဘုရင်​သည် အားကြီး​သော​လက်​တော်​ကြောင့်​မ​ဟုတ်​လျှင် သင်​တို့​အား သွား​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။


ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။


ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကို အဘယ်ကြောင့် လမ်း​တော်​မှ​လမ်းလွဲ​စေ​သနည်း​။ ကိုယ်တော်​ကို မ​ကြောက်ရွံ့​စေရန် ကျွန်ုပ်​တို့​၏​စိတ်​ကို အဘယ်ကြောင့် ခိုင်မာ​စေ​သနည်း​။ ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​အမွေ​တော်​လူမျိုးစု​အတွက် ပြန်လာ​တော်မူ​ပါ​။


“သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏”​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။


ထို့ကြောင့် ဘုရားသခင်​သည် သနား​လို​သော​သူ​ကို သနား​တော်မူ​၍ ခေါင်းမာ​စေ​လို​သော​သူ​ကို ခေါင်းမာ​စေ​တော်မူ​၏။


သို့ရာတွင် ဘုရားသခင်​သည် အမျက်​တော်​ကို​ပြသ​ရန်​နှင့် မိမိ​၏​တန်ခိုး​တော်​ကို​သိ​စေရန် အလို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်ဆီး​ရန်​ပြင်ဆင်​ထား​သော အမျက်​တော်​ဆိုင်ရာ​အိုးခွက်​များ​ကို အလွန်​စိတ်ရှည်​စွာ​သည်းခံ​တော်မူ​လျှင် မည်သို့​နည်း။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​စိတ်​ကို မာကျော​စေ​တော်မူ​သောကြောင့် ငါ​တို့​ကို သူ့​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​မ​ပြု​။ ထိုသို့ သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​ခြင်း​သည် ယနေ့​မြင်​ရ​သည့်​အတိုင်း သူ့​ကို သင်​တို့​၏​လက်​သို့​အပ်​တော်မူ​ရန်​အတွက်​ဖြစ်​၏​။


အစ္စရေး​လူမျိုး​တို့​နှင့် စစ်တိုက်​ရန် သူ​တို့​ကို ထာဝရဘုရား​စိတ်ခိုင်မာ​စေ​၏​။ ဤသို့​ဖြစ်​ခြင်း​မှာ သူ​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​ကို မ​သနား​မ​ညှာတာ​ဘဲ တစ်​ယောက်​မ​ကျန်​ကွပ်မျက်​တော်မူ​ရန်​ဖြစ်​၏​။


ဖာရော​မင်းကြီး​အပါအဝင် အီဂျစ်​လူမျိုး​တို့ စိတ်နှလုံး​မာကျော​ခဲ့​သကဲ့သို့ အဘယ်ကြောင့် သင်​တို့ စိတ်နှလုံး​မာကျော​ကြ​သနည်း​။ သူ​တို့​ကို ဘုရားသခင် ပြင်းထန်​စွာ​ဒဏ်ခတ်​လိုက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို လွှတ်လိုက်​ရ​သဖြင့် အစ္စရေး​လူမျိုး​တို့ ထွက်လာ​ကြ​ရ​သည်​မ​ဟုတ်​လော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos