ထွက်မြောက် 13:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဖာရောမင်းကြီးသည် ငါတို့ကို လွှတ်ပေးရန် ငြင်းဆန်သောအခါ ထာဝရဘုရားသည် လူတို့၏သားဦးမှစ၍ တိရစ္ဆာန်တို့၏သားဦးတိုင်အောင် အီဂျစ်ပြည်၌ရှိသောသားဦးအားလုံးကို ကွပ်မျက်တော်မူ၏။ ထို့ကြောင့် သားအိမ်မှအဦးဆုံးထွက်လာသောအထီးရှိသမျှတို့ကို ငါတို့သည် ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ ငါတို့၏သားယောက်ျားများထဲမှ သားဦးရှိသမျှတို့ကို ပြန်ရွေးရ၏’ဟု သူတို့အား ပြန်ပြောရမည်။ Ver CapítuloCommon Language Bible15 အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။- Ver CapítuloGarrad Bible15 ခွင့် လွှတ် ခြင်း အ မှု၌ ဖာ ရော မင်း ခဲ ယဉ်း သည် နှင့် အိ ဂျစ် ပြည် တွင် လူ နှင့် တိ ရ စ္ဆာန် တို့ သား ဦး အ ပေါင်း ကို ကွပ် မျက် တော် မူ သော ကြောင့် အ ဦး ဖွား သော အ ထီး ဟူ သ မျှ ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရ မည်။ အ ဦး ဖွား သော သား အ ပေါင်း ကို ကား ရွေး နုတ် လေ့ ရှိ သည် ဟု သင် တို့ ပြန် ဆို ကြ ရ မည်။ Ver CapítuloJudson Bible15 ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဖွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအားယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကိုရွေးရမည်ဟု ပြန်ဆိုရမည်။ Ver Capítulo |