ထွက်မြောက် 24:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထသွား၏။ မောရှေသည် ဘုရားသခင်၏တောင်တော်ပေါ်သို့တက်သွား၏။ Common Language Bible ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။- Garrad Bible တ ပည့် ယော ရှု နှင့် အ တူ ထ ရာ မှ မော ရှေ သည် ဘု ရား သ ခင် တောင် တော် ပေါ် သို့ တက် သွား ၏။ Judson Bible မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။ |
မောရှေ၏ယောက္ခမယေသရောသည် မောရှေ၏မယားနှင့်သားတို့ကို ဘုရားသခင်၏တောင်တော်ရှိ မောရှေစခန်းချရာ တောကန္တာရသို့ ခေါ်ဆောင်လာပြီး
မောရှေသည် ဘုရားသခင်ထံသို့တက်သွားရာ ထာဝရဘုရားသည် သူ့အား တောင်ပေါ်မှ ခေါ်တော်မူလျက် “သင်သည် ယာကုပ်အမျိုးအနွယ်၊ အစ္စရေးအမျိုးသားတို့အား
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
ယောရှုသည် ကျယ်လောင်စွာအော်ဟစ်နေသောလူတို့၏အသံကိုကြားသောအခါ မောရှေအား “တပ်စခန်းထဲ၌ စစ်တိုက်သံပါတကား”ဟု ဆိုလေ၏။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။
ထိုအခါ ငယ်ရွယ်စဉ်ကပင် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုက “အကျွန်ုပ်၏သခင် မောရှေ၊ ထိုသူတို့ကိုတားမြစ်ပါ”ဟု ဆို၏။
ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက