ထွက်မြောက် 3:1 - မြန်မာ့စံမီသမ္မာကျမ်း1 မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။ Ver CapítuloCommon Language Bible1 မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။- Ver CapítuloGarrad Bible1 မော ရှေ သည်၊ ယော က္ခ မ ဖြစ် သူ မိ ဒျန် ပ ရော ဟိတ် ယေ သ ရော၏ သိုး ဆိတ် များ ကို ထိန်း ကျောင်း ရာ တွင် သဲ တော အ နောက် ဘက် သို့ ဆောင် သွား ၍ ဟော ရပ် ခေါ် ဘု ရား သ ခင် တောင် တော် သို့ ရောက် သော်၊ Ver CapítuloJudson Bible1 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တောနောက်ဘက်သို့ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။ Ver Capítulo |
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။