ထွက်မြောက် 33:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။ Ver CapítuloCommon Language Bible11 မိတ်ဆွေချင်းစကားပြောသကဲ့သို့ထာဝရ ဘုရားသည် မောရှေနှင့်မျက်နှာချင်းဆိုင်စကား ပြောတော်မူ၏။ ထိုနောက်မောရှေသည်စခန်း သို့ပြန်လာ၏။ သို့သော်သူ၏လက်ထောက်ဖြစ် သူ၊ နုန်၏သား၊ လူငယ်ယောရှုသည်၊ တဲတော် တွင်း၌နေရစ်လေ၏။ Ver CapítuloGarrad Bible11 အ ဆွေ ခင် ပွန်း ချင်း တို့ ပြော ဆို တတ် ကြ သည့် နည်း တူ ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် တွေ့ ဆုံ မိန့် မြွက် တော် မူ လေ့ ရှိ ၏။ တပ် စ ခန်း သို့ ပြန် သွား သော အ ခါ နုန့် သား၊ ကိုယ့် တ ပည့်၊ လု လင် ယော ရှု သည် တဲ တော် မှ မ ထွက် ဘဲ နေ၏။ Ver CapítuloJudson Bible11 ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။ Ver Capítulo |