La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 16:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။

Ver Capítulo

Common Language Bible

တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။

Ver Capítulo

Garrad Bible

တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။

Ver Capítulo

Judson Bible

တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။

Ver Capítulo



ထွက်​မြောက် 16:8
17 Referencias Cruzadas  

“​အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ပြီ​။ သူ​တို့​အား ‘​သင်​တို့​သည် နေဝင်ချိန်​၌ အသား​ကို​စား​ရ​၍ နံနက်အချိန်​၌ မုန့်​ဖြင့်​ဝလင်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် မောရှေ​က အာရုန်​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ‘​သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​ဖြစ်၍ ရှေ့​တော်​သို့ ချဉ်းကပ်​ကြ​လော့​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု ဆို​၏​။


ထိုအခါ လူ​တို့​က မောရှေ​အား “​ငါ​တို့​သောက်​ဖို့​ရေ​ပေး​ပါ​လော့​”​ဟု ဆို​၍​ရန်တွေ့​ကြ​၏​။ မောရှေ​က​လည်း “​ငါ့​ကို အဘယ်ကြောင့်​ရန်တွေ့​ကြ​သနည်း​။ ထာဝရဘုရား​ကို အဘယ်ကြောင့်​အကဲစမ်း​ကြ​သနည်း​”​ဟု ဆို​၏​။


မိုက်မဲ​သော​သူ​သည် မိုက်မဲ​သော​စကား​ကို​ပြောဆို​တတ်​၏​။ သူ​၏​စိတ်နှလုံး​သည် ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ သူတော်ကောင်း​ယောင်ဆောင်​ပြီး ထာဝရဘုရား​အကြောင်း​ကို မဟုတ်မမှန်​ပြောဆို​တတ်​၏​။ ဆာလောင်မွတ်သိပ်​သော​သူ​ကို အစာ​မကျွေး​၊ ရေငတ်​သော​သူ​ကို ရေ​မ​တိုက်​။


သင်​သည် ငါ့​ကို​အမျက်ထွက်​သောကြောင့်​၊ သင်​စော်ကားပြောဆို​သော​စကား​ကို ငါ​ကြား​ရ​သောကြောင့် ငါ​သည် သင့်​ကို နဖားကြိုး​တပ်​မည်​၊ ဇက်ကြိုး​တပ်​မည်​။ သင်​လာ​သော​လမ်း​ဖြင့် သင့်​ကို​ပြန်​စေ​မည် ဟူ၍​မိန့်ဆို​ပြီ​’​ဟု မိန့်​တော်မူ​၏​။


သင်​သည် လူ​တို့​အား ‘​သင်​တို့​က ငါ​တို့​စားစရာ​အသား​ကို မည်သူ​ပေး​မည်နည်း​။ အီဂျစ်​ပြည်​၌ ငါ​တို့​ကောင်းစား​ခဲ့​ကြ​၏​ဟု ဆို​လျက် ထာဝရဘုရား​ကြား​အောင် ငိုကြွေး​ကြ​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​အား အသား​ကို ပေး​တော်မူ​မည်​ဖြစ်၍ သင်​တို့​သည် အသား​ကို စား​ရ​လိမ့်မည်​။ သို့ဖြစ်၍ မနက်ဖြန်​အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​ကြ​လော့​။


“​ဤ​ဆိုးညစ်​သော​လူထု​သည် ငါ့​ကို မည်မျှ​ကြာ​အောင် အပြစ်တင်​နေ​ကြ​မည်နည်း​။ ငါ့​ကို အပြစ်တင်​နေ​ကြ​သည့် အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ရ​ပြီ​။


ထို့ကြောင့် လူ​တို့​သည် မောရှေ​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​လည်းကောင်း​၊ သခင့်​ကို​လည်းကောင်း ဆန့်ကျင်​ပြောဆို​၍ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ထို​မြွေ​များ​ကို အကျွန်ုပ်​တို့​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​”​ဟု ဆို​ကြ​သဖြင့် မောရှေ​သည် လူ​တို့​အတွက် ဆုတောင်း​ပေး​လေ​၏​။


သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။


ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ မကောင်း​သော​အရာ​များ​ကို စဉ်းစား​ဆင်ခြင်​နေ​ကြ​သနည်း။


သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​စေလွှတ်​သော​သူ​ကို လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် အာဏာပိုင်​ကို​ဆန့်ကျင်​သော​သူ​သည် ဘုရားသခင်​၏​ပြဋ္ဌာန်း​တော်မူ​ချက်​ကို ဆန့်ကျင်​ရာ​ရောက်​၏။ ထိုသို့​ဆန့်ကျင်​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ကိုယ်တိုင်​ခံရ​ကြ​လိမ့်မည်။


သူ​တို့​ထဲမှ အချို့​တို့​သည် ညည်းညူ​သကဲ့သို့ သင်​တို့​သည် မ​ညည်းညူ​ကြ​နှင့်။ ထိုသို့​ညည်းညူ​သော​သူ​တို့​သည် ဖျက်ဆီး​သော​တမန်​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။


ထို့ကြောင့် ဤ​ညွှန်ကြား​ချက်​ကို ငြင်းပယ်​သော​သူ​သည် လူ​ကို​မ​ဟုတ်​ဘဲ သင်​တို့​အား မိမိ​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။


ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​တို့​ပြော​သမျှ​ကို နားထောင်​လော့​။ သူ​တို့​သည် သင့်​ကို​သာ​စွန့်ပယ်​သည်​မ​ဟုတ်​။ ငါ့​ကို​လည်း သူ​တို့​၏​ရှင်ဘုရင်​အဖြစ်​မှ စွန့်ပယ်​ကြ​ပြီ​။