Biblia Todo Logo
La Biblia Online
- Anuncios -




မဿဲ 10:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။

Ver Capítulo Copiar

Common Language Bible

40 ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-

Ver Capítulo Copiar

Garrad Bible

40 သင် တို့ ကို လက် ခံ သော သူ သည် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သော သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။

Ver Capítulo Copiar

Judson Bible

40 သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 သင်တို့​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​ကို လက်ခံ၏။

Ver Capítulo Copiar

မြန်မာ

40 သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-

Ver Capítulo Copiar




မဿဲ 10:40
18 Referencias Cruzadas  

ထာဝရဘုရား​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်​ခဲ့​စဉ်က ဩဗဒိ​သည် ပရောဖက်​တစ်ရာ​ကို ငါးဆယ်​စီ​ခွဲ​၍ လိုဏ်ဂူ​ထဲတွင် ဝှက်ထား​ခဲ့​ပြီး အစာ​ရေစာ​ကို​လည်း ကျွေးမွေး​ခဲ့​၏​။


ထာဝရဘုရား​က ထို​နေ့​၌ သင့်​ကို ငါ​ကယ်နုတ်​မည်​။ သင်​ကြောက်​သော​သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ​။


ဤသို့​သော​သူငယ်​တစ်​ယောက်​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​လက်ခံ​၏။


မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ငါ​၏​ဤ​ညီအစ်ကို​တို့​တွင် အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​ပြု​ခဲ့​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။


မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။


“ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏”​ဟု မိန့်​တော်မူ​၏။


“ဤ​သူငယ်​တစ်​ဦး​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​တွင် အငယ်ဆုံး​သော​သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​စေလွှတ်​သော​သူ​ကို လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။


တစ်ဖန် ယေရှု​က“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏”​ဟု မိန့်​တော်မူ​၏။


ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။


ထိုသို့ ငါ​၏​ကိုယ်ကာယ​အခြေအနေ​သည် သင်​တို့​အတွက် စုံစမ်း​နှောင့်ယှက်​ခြင်း​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ကို​မထီမဲ့မြင်​မ​ပြု၊ ရွံရှာ​ခြင်း​လည်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​ကောင်းကင်​တမန်​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​ယေရှု​ကဲ့သို့​လည်းကောင်း ငါ့​ကို​လက်ခံ​ကြ​၏။


ထို့ကြောင့် ဤ​ညွှန်ကြား​ချက်​ကို ငြင်းပယ်​သော​သူ​သည် လူ​ကို​မ​ဟုတ်​ဘဲ သင်​တို့​အား မိမိ​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။


ခရစ်တော်​၏​သွန်သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်လွန်​သော​သူ​တိုင်း​သည် ဘုရားသခင်​ကို​မ​ရရှိ​ပေ။ ထို​သွန်သင်​ချက်​၌​တည်​သော​သူ​သည် ခမည်းတော်​နှင့်​သား​တော်​ကို​ရရှိ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos