La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တမန်တော်ဝတ္ထု 3:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှမွေလ​မှစ၍ သူ့​နောက်မှ အဆက်ဆက်​ပေါ်ထွန်း​သော​ပရောဖက်​ရှိသမျှ​တို့​သည်​လည်း ဤ​နေ့ရက်​ကာလ​အကြောင်း​ကို ဟောပြော​လျက်​ကြေညာ​ကြ​၏။

Ver Capítulo

Common Language Bible

ရှ​မွေ​လ​မှ​စ​၍​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော ပြော​ကြ​သည့်​အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း တို့​က ယ​ခု​နေ့​ရက်​ကာ​လ​တွင်​ဖြစ်​ပျက်​မည့် အ​ကြောင်း​အ​ရာ​များ​ကို​ဟော​ပြော​ကြေ​ညာ ခဲ့​ကြ​၏။-

Ver Capítulo

Garrad Bible

ရှ မွေ လ မှ စ၍ ဟော ပြော သ မျှ သော ပ ရော ဖက် တို့ လည်း ဤ နေ့ ရက် ကာ လ အ ကြောင်း ကြော် ငြာ ကြ ပြီ။

Ver Capítulo

Judson Bible

ပ​ရော​ဖက်​ရှ​မွေ​လ​မှ​စ၍ နောက်​ဟော​သော ပ​ရော​ဖက်​ရှိ​သ​မျှ​တို့​သည် ဤ​သည်​နေ့​ရက်​ကာ​လ​ကို ဟော​ပြော​ပြ​ညွှန်​ကြ​ပြီ။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပရောဖက်​ရှမွေလ​မှစ၍ သူ​၏​နောက်​၌ ပေါ်ထွန်းသော ပရောဖက်​ရှိသမျှတို့​သည်လည်း ဤ​နေ့ရက်များ​ကို ဟောပြောခဲ့ပြီ။

Ver Capítulo



တမန်တော်ဝတ္ထု 3:24
12 Referencias Cruzadas  

ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​များ​ထဲတွင် မောရှေ​နှင့်​အာရုန်​တို့​ပါ​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​တို့​တွင် ရှမွေလ ပါ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​မောရှေ​နှင့်​ရှမွေလ​သည် ငါ့​ရှေ့​၌​လာရပ်​လျှင်ပင် ဤ​လူမျိုး​ထံ ငါ့​စိတ်​ပြန်လည်​လာ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ့​ရှေ့​မှ နှင်ထုတ်​လော့​။ ငါ့​ရှေ့​မှ ထွက်သွား​စေ​လော့​။


ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။


ဤ​အရာ​တို့​သည် နှစ်​ပေါင်း​လေးရာ​ငါးဆယ်​ခန့်​ကြာ​၏။ ထို့နောက် ပရောဖက်​ရှမွေလ​ခေတ်​တိုင်အောင် သူ​တို့​အား တရားသူကြီး​များ​ကို ပေး​တော်မူ​၏။


ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်းလင်း​ဖော်ပြ​ပြီး သင်​တို့​အား ငါ​ဟောပြော​သော​ဤ​ယေရှု​ပင် ခရစ်တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။


သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်”​ဟု ချေပ​ပြောဆို​လေ​၏။


ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။


ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။


သို့ရာတွင် ယခု​အခါ​၌ ပညတ်​တရား​နှင့်​ပရောဖက်​များ​သက်သေခံ​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​သည် ပညတ်​တရား​မ​ပါ​ဘဲ ထင်ရှား​လေ​ပြီ။


သူငယ်​ရှမွေလ​သည် ဧဖုဒ်​ပိတ်ချော​ကို​ဝတ်ဆင်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် အမှု​တော်​ထမ်းဆောင်​လျက်​ရှိ​၏​။


သူငယ်​ရှမွေလ​သည် ဧလိ​ထံပါး​၌​နေ​၍ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​လျက်​နေ​၏​။ ထို​နေ့ရက်​များ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ခဲ​၏​။ ဗျာဒိတ်နိမိတ်​လည်း နည်းပါး​လှ​၏​။


ရှမွေလ​သည် ထာဝရဘုရား​၏​ပရောဖက်​ဖြစ်ကြောင်း​ကို ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​အပေါင်း​တို့ သိမှတ်​ကြ​၏​။