ရောမ 3:21 - မြန်မာ့စံမီသမ္မာကျမ်း21 သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။ Ver CapítuloCommon Language Bible21 သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူသားအားမိမိနှင့်အဘယ်နည်းဖြင့် မှန်ကန် စွာဆက်ဆံစေကြောင်းသိသာထင်ရှားလာ ပေပြီ။ ဤနည်းသည်တရားဥပဒေနှင့်လုံးဝ မသက်ဆိုင်။ သို့ရာတွင်ဤအကြောင်းကို မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များကသက်သေခံကြ၏။- Ver CapítuloGarrad Bible21-22 ယ ခု ခေတ် မှာ မူ ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သက် သေ ခံ သည့် အ တိုင်း ပ ညတ် တ ရား နှင့် ကင်း သော ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း၊ ယေ ရှု ခ ရစ် ကို ယုံ ကြည် သော အား ဖြင့်၊ ယုံ ကြည် သူ အ ပေါင်း တို့ အ ပေါ် သို့ သက် ရောက် သည့် ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း သည် ထင် ရှား လျက် ရှိ၏။ Ver CapítuloJudson Bible21 ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 သို့သော် ယခုတွင်မူ ပညတ်တရားကို လိုက်နာကျင့်သုံးရသည့်နည်းလမ်းဖြင့် မဟုတ်ဘဲ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည့် အခြားနည်းလမ်းကို ကျွန်ုပ်တို့အား ဖွင့်ပြတော်မူပြီ။ ထိုနည်းလမ်းအကြောင်းကို ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရှေးယခင်ကပင် ဖော်ပြထားတော်မူခဲ့၏။ Ver Capítulo |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။