Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 3:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။

Ver Capítulo Copiar

Common Language Bible

19 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-

Ver Capítulo Copiar

Garrad Bible

19-20 ထို့ ကြောင့် သင် တို့ အ ပြစ် ဒု စ ရိုက် များ ပ ပျောက် စေ ရန် နောင် တ ရ ၍ ပြောင်း လဲ ကြ လော့။ သို့ ပြု လျှင် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ချမ်း သာ ရာ အ ချိန် ကာ လ ရောက် လာ လျက် ယေ ရှု တည်း ဟူ သော သင် တို့ အ ဖို့ ခန့် ထား တော် မူ ခဲ့ သော ခ ရစ် တော် ကို စေ လွှတ် တော် မူ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

19 ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို့ကြောင့် သင်တို့​၏​အပြစ်များ​ကို ဘုရားသခင် ဖြေလွှတ်တော်မူ​စေရန် နောင်တရ​၍ ပြောင်းလဲကြလော့။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 3:19
73 Referencias Cruzadas  

အရှေ့​အရပ်​သည် အနောက်​အရပ်​နှင့်​ဝေးကွာ​သည့်​အတိုင်း ကိုယ်တော်​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ငါ​တို့​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။


ထိုအခါ အကျွန်ုပ်​သည် အပြစ်ကျူးလွန်​သော​သူ​တို့​အား ကိုယ်တော်​၏​လမ်း​တို့​ကို​သင်ကြား​ပေး​ပါ​မည်​။ အပြစ်သား​တို့​သည်​လည်း ကိုယ်တော်​ထံ ပြန်လာ​ကြ​ပါ​လိမ့်မည်​။


အကျွန်ုပ်​၏​အပြစ်​များ​မှ မျက်နှာ​တော်​လွှဲ​၍ အကျွန်ုပ်​၏​ဒုစရိုက်​အားလုံး​ကို ပယ်ဖျက်​တော်မူ​ပါ​။


ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။


သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား ရွေးနုတ်ကယ်တင်​သော​သူ​တို့ ပြန်လာ​ကြ​မည်​။ သီချင်းဆို​လျက် ဇိအုန်​မြို့​ထဲသို့​ဝင်လာ​ကြ​မည်​။ သူ​တို့​၏​ခေါင်း​ပေါ်၌ ဝမ်းမြောက်​ခြင်း​သရဖူ​ကို အစဉ်အမြဲ​ဆောင်း​ကြ​ရ​မည်​။ ဝမ်းနည်း​ခြင်း​၊ ညည်းတွား​ခြင်း​သည် ထွက်ပြေး​သွား​၍ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​ကို ရရှိ​ကြ​မည်​။


ဤ​လူမျိုး​၏​စိတ်နှလုံး​ကို ထုံထိုင်း​စေ​၍ သူ​တို့​၏​နား​ကို လေး​စေ​လော့​။ သူ​တို့​မျက်စိ​ကို​လည်း ကန်း​စေ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​လျက် ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။


သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် လူမျိုးခြား​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​၏​သားမြေး​တို့​သည် လူမျိုးတကာ​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကောင်းချီး​ကို​ခံစား​ရ​သော​အမျိုးအနွယ်​ဟု အသိအမှတ်​ပြု​ကြ​လိမ့်မည်​။


ယုဒ​အမျိုးသား​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ​၏​အကြံအစည်​ကို သူ​တို့​ကြား​လျှင် သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကောင်း​ပြန်လာ​ကြ​လိမ့်မည်​။ သို့ပြုလျှင် သူ​တို့​၏​အပြစ်​ဒုစရိုက်​များ​ကို ငါ​ခွင့်လွှတ်​မည်​”​ဟု မိန့်ဆို​၏​။


ထာဝရဘုရား​က “​ထို​နေ့ရက်​၊ ထို​အချိန်​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ငါ​ခွင့်လွှတ်​မည်​ဖြစ်၍ အစ္စရေး​လူမျိုး​၏​ဒုစရိုက်​ကို ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ယုဒ​လူမျိုး​၏​အပြစ်​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ့်​အကျင့်အကြံ​များ​ကို ဆင်ခြင်သုံးသပ်​၍ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကိုယ်တော့်​ထံသို့ ပြန်လာ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​ပြန်လာ​ကြ​ပါ​မည်​။ ရှေးကာလ​က​ကဲ့သို့ အကျွန်ုပ်​တို့​၏​နေ့ရက်​များ​ကို အသစ်​ဖြစ်​စေ​တော်မူ​ပါ​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ဆိုးယုတ်​သော​သူ​တို့ သေ​ရ​မည်​ကို ငါ​အလို​မ​ရှိ​။ သူ​တို့​သည် ဆိုးယုတ်​သော​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရာ​ရ​သည်​ကို​သာ ငါ​အလိုရှိ​၏​။ ပြန်လှည့်​ကြ​။ ဆိုးယုတ်​သော​လမ်း​မှ ပြန်လှည့်​ကြ​။ အို အစ္စရေး​အမျိုး​တို့​၊ အဘယ်ကြောင့် သင်​တို့​သေ​ရ​မည်နည်း’​ဟု မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။


ပညတ္တိကျမ်း​တွင် မောရှေ​ရေး​ထား​သည့် ဘေးဆိုး​အလုံးစုံ​တို့​သည် အကျွန်ုပ်​တို့​အပေါ် သင့်ရောက်​ပါ​၏​။ ထိုသို့​ဖြစ်​သည့်​တိုင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို မ​ရှာ​၊ အပြစ်လမ်း​မှ ပြန်​မ​လှည့်​၊ သမ္မာတရား​ကို အလေး​မ​ထား​ခဲ့​ကြ​ပါ​။


သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။


သင်​တို့​သည် အဝတ်​ကို​မ​ဆုတ်​၊ နှလုံးသား​ကို​ဆုတ်​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​သို့ ပြန်လာ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​၊ ဘေးအန္တရာယ်​ကို လွှဲဖယ်ပေး​တော်မူ​တတ်​သော​ဘုရား ဖြစ်​၏​။


အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်၊ နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ဟူ၍​ဖြစ်​၏။


“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ပြောင်းလဲ​၍ ကလေး​သူငယ်​များ​ကဲ့သို့​မ​ဖြစ်​လျှင် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်။


သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍


သို့သော် ပေတရု​က “အချင်း​မိန်းမ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။


တစ်ဖန် သူ​တို့​စုဝေး​လာ​ကြ​သောအခါ သူ​တို့​က ကိုယ်တော်​အား “သခင်​ဘုရား၊ ကိုယ်တော်​သည် ယခု​အချိန်​တွင် အစ္စရေး​လူမျိုး​အတွက် နိုင်ငံ​ကို ပြန်လည်​ထူထောင်​ပေး​တော်မူ​မည်​လော”​ဟု မေးလျှောက်​ကြ​၏။


သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


သခင်​ဘုရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​သဖြင့် များစွာ​သော​သူ​တို့​သည်​ယုံကြည်​၍ သခင်​ဘုရား​ထံသို့​ပြောင်းလဲ​လာ​ကြ​၏။


ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။


ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။


ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။


အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည်​ထုံထိုင်း​လျက်​၊ နား​သည်​လည်း​လေး​လျက်​၊ မျက်စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’​ဟု မိန့်​တော်မူ​၏။


ဤသည်ကား ထာဝရ​ဘုရား​ထံ​တော်​မှ နှစ်သိမ့်​လန်းဆန်း​ရာ​အချိန်အခါ​များ​ကျရောက်​လာ​၍ သင်​တို့​အတွက် ကြိုတင်​ခန့်ထား​တော်မူ​သည့် ခရစ်တော်​တည်းဟူသော​ယေရှု​ကို စေလွှတ်​တော်မူ​ရန်​ဖြစ်​၏။


ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။


ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး


ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။


ဆင်းရဲ​ဒုက္ခ​ခံရ​သော​သင်​တို့​အား ငါ​တို့​နှင့်အတူ​သက်သာ​ခွင့်​ကို​လည်းကောင်း ပြန်​၍​ခံစား​စေ​မည့်​အမှု​သည် ဘုရားသခင်​ရှေ့​တော်​၌ အမှန်​ပင်​တရားမျှတ​သော​အမှု​ဖြစ်​၏။


ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ဆုံးမ​သွန်သင်​ရ​မည်။ သို့ပြုလျှင် ဘုရားသခင်​သည် သူ​တို့​အား နောင်တရ​သော​အခွင့်​ကို​ပေး​တော်မူ​သဖြင့် သူ​တို့​သည် သမ္မာတရား​ကို​သိရှိ​လာ​ကာ


ထို့ကြောင့် ဘုရားသခင်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​မည့်​ကတိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲမှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိထား​ကြ​ကုန်စို့။


သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။


သို့သော် ချစ်​ရ​သော​သူ​တို့၊ ထာဝရ​ဘုရား​အတွက် နေ့ရက်​တစ်​ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် နေ့ရက်​တစ်​ရက်​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​ဟူသော​အချက်​တစ်​ခု​ကို မ​မေ့လျော့​ကြ​နှင့်။


ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos