တမန်တော်ဝတ္ထု 3:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ Ver CapítuloCommon Language Bible19 သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊- Ver CapítuloGarrad Bible19-20 ထို့ ကြောင့် သင် တို့ အ ပြစ် ဒု စ ရိုက် များ ပ ပျောက် စေ ရန် နောင် တ ရ ၍ ပြောင်း လဲ ကြ လော့။ သို့ ပြု လျှင် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ချမ်း သာ ရာ အ ချိန် ကာ လ ရောက် လာ လျက် ယေ ရှု တည်း ဟူ သော သင် တို့ အ ဖို့ ခန့် ထား တော် မူ ခဲ့ သော ခ ရစ် တော် ကို စေ လွှတ် တော် မူ လိမ့် မည်။ Ver CapítuloJudson Bible19 ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း19 ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။ Ver Capítulo |
အဘယ်ကြောင့်ဆိုသော် ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်ထိုင်းလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။ ထို့ကြောင့် သူတို့၏မျက်စိသည် မမြင်နိုင်ကြ။ နားသည် မကြားနိုင်ကြ။ နားမလည်နိုင်သောကြောင့် စိတ်နှလုံးသည်လည်း ငါ့ထံသို့မပြောင်းလဲနိုင်ကြ။ ငါ့ကုသမှုကိုလည်း မခံယူနိုင်ကြ’ ဟူ၍ ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။