တမန်တော်ဝတ္ထု 3:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ထာဝရဘုရားထံတော်မှ သင်တို့အတွက် လန်းဆန်းအားပြည့်ချိန် ကျရောက်လာလိမ့်မည်။ ထိုအခါ သင်တို့အတွက် ခန့်အပ်ထားတော်မူသည့် ခရစ်တော်တည်းဟူသော ယေရှုကို ဘုရားသခင်သည် သင်တို့ထံ စေလွှတ်တော်မူလိမ့်မည်။ Ver CapítuloCommon Language Bible20 ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။- Ver CapítuloJudson Bible20 သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း20 ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။ Ver Capítulo |
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ပရောဖက်ပြုဟောပြောခြင်းဖြင့်ဖြစ်စေ၊ နှုတ်စကားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရေးပို့သည့် စာကဲ့သို့သော စာဖြင့်ဖြစ်စေ သခင်ဘုရား ပြန်လည်ကြွလာသည့် နေ့ရက် ကျရောက်ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့က သွန်သင်သည့် ပုံမျိုးဖြင့် ပြောဆိုကြလျှင်ပင် လွယ်လွယ်နှင့် မတုန်လှုပ် မစိုးရိမ်ကြရန် ကျွန်ုပ်တို့ တောင်းပန်ပါ၏။