တမန်တော်ဝတ္ထု 3:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။ Ver CapítuloCommon Language Bible18 မေရှိယသည်အသေခံတော်မူရမည်ဖြစ် ကြောင်း ပရောဖက်အပေါင်းတို့အားဖြင့်၊ ဘုရား သခင်ဗျာဒိတ်ထားတော်မူခဲ့၏။ ဤသို့ဖြစ် ပျက်ရခြင်းကားထိုဗျာဒိတ်တော်ကိုအကောင် အထည်ဖော်ခြင်းပင်တည်း။- Ver CapítuloGarrad Bible18 ဘု ရား သ ခင် လည်း ပ ရော ဖက် အ ပေါင်း တို့၏ နှုတ် ဖြင့် တင် ကူး ဖော် ပြ တော် မူ ခဲ့ သည့် အ တိုင်း၊ ဘိ သိက် တော် ခံ မင်း ခံ ရ သော အ ဖြစ် အ ပျက် များ ကို ထို သို့ ပင် အ တည် ပြု တော် မူ ၏။ Ver CapítuloJudson Bible18 ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဖော်ပြတော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း18 သို့သော် ဘုရားသခင်သည် မိမိ၏ခရစ်တော်ဒုက္ခဝေဒနာခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ကြိုတင်ဖော်ပြထားသောအရာတို့ကို ထိုသို့ပြည့်စုံစေတော်မူ၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။