တမန်တော်ဝတ္ထု 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ညီအစ်ကိုတို့… သင်တို့၏အာဏာပိုင်များ ပြုခဲ့ကြသည့်နည်းတူ သင်တို့သည် မသိနားမလည်ဘဲပြုကြသည်ကို ကျွန်ုပ်သိပါ၏။ Ver CapítuloCommon Language Bible17 ``ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့၏ခေါင်း ဆောင်များနည်းတူ မိမိတို့ပြုသောအမှုကို မသိနားမလည်ဘဲပြုကြကြောင်းကိုငါ သိ၏။- Ver CapítuloGarrad Bible17 ယ ခု မှာ ညီ အစ် ကို တို့၊ အ ရာ ရှိ များ နှင့် သင် တို့ သည် ဉာဏ် မ မှီ သော ကြောင့် ထို သို့ ပြု ကြ ကြောင်း ငါ သိ၏။ Ver CapítuloJudson Bible17 ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း17 သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများနည်းတူ မသိနားမလည်သောကြောင့် ထိုသို့ပြုခဲ့ကြသည်ကို ငါသိ၏။ Ver Capítulo |
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။
ယဇ်ပုရောဟိတ်မင်းနှင့် တရားလွှတ်တော်အကြီးအကဲအားလုံးက ဤအကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံပေးနိုင်ကြ၏။ ကျွန်ုပ်သည် ဒမတ်စကပ်မြို့တွင် ရှိသောဂျူးညီအစ်ကိုများထံသို့ ရေးပေးလိုက်သောစာများကိုလည်း သူတို့ထံမှ ရယူ၏။ ထိုမြို့၌ ရှိသောသူတို့ကိုလည်း ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ အပြစ်ဒဏ်ပေးရန်အတွက် ဒမတ်စကပ်မြို့သို့ ထွက်သွားခဲ့၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။