တမန်တော်ဝတ္ထု 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။ Ver CapítuloCommon Language Bible16 ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။'' Ver CapítuloGarrad Bible16 နာ မ တော် အား ယုံ ကြည် ခြင်း ဖြင့် သင် တို့ သိ မြင် သော ဤ သူ့ ကို ထို အ ရှင်၏ နာ မ တော် ပင် ကျန်း မာ စေ ပြီ။ ထို အ ရှင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ ရှေ့ ကြန် အင် စုံ စေ လေ ပြီ။ Ver CapítuloJudson Bible16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း16 ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။ Ver Capítulo |