တမန်တော်ဝတ္ထု 3:16 - Common Language Bible16 ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။'' Ver CapítuloGarrad Bible16 နာ မ တော် အား ယုံ ကြည် ခြင်း ဖြင့် သင် တို့ သိ မြင် သော ဤ သူ့ ကို ထို အ ရှင်၏ နာ မ တော် ပင် ကျန်း မာ စေ ပြီ။ ထို အ ရှင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ ရှေ့ ကြန် အင် စုံ စေ လေ ပြီ။ Ver CapítuloJudson Bible16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း16 ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။ Ver Capítulo |
ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။