Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 3:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။

Ver Capítulo Copiar

Common Language Bible

21 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။-

Ver Capítulo Copiar

Garrad Bible

21 သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် ဘု ရား သ ခင် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရာ အ ချိန် ကာ လ မ တိုင် မီ ကောင်း ကင် ဘုံ သည် ထို အ ရှင့် စံ ရာ ဖြစ် ရ မည်။

Ver Capítulo Copiar

Judson Bible

21 က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ရှေးအခါ​ကပင် သန့်ရှင်းသော​ပရောဖက်များ​အားဖြင့် ဘုရားသခင်​မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့​ကို ပြန်လည်​အသစ်​ပြုပြင်မည့်​အချိန်​အထိ ထို​အရှင်​သည် ကောင်းကင်ဘုံ​တွင် ရှိတော်မူမည်။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 3:21
16 Referencias Cruzadas  

သင်​၏​တရားသူကြီး​တို့​ကို ယခင်​က​ကဲ့သို့​၊ သင်​၏​အကြံပေးသူ​တို့​ကို မူလအစ​က​ကဲ့သို့ ပြန်လည်​ခန့်ထား​မည်​။ သို့ပြီးမှ သင်​၏​မြို့​ကို ဖြောင့်မတ်​သော​မြို့​၊ သစ္စာရှိ​သော​မြို့​ဟု ခေါ်ဝေါ်​ကြ​မည်​”​ဟု မိန့်​တော်မူ​၏​။


“ဂါလိလဲ​နယ်သား​တို့၊ အဘယ်ကြောင့်​ရပ်​လျက် ကောင်းကင်​ကို စူးစိုက်​ကြည့်​နေ​ကြ​သနည်း။ သင်​တို့​ထံမှ ကောင်းကင်​သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သော ထို​ယေရှု​သည် ကောင်းကင်​သို့​တက်သွား​တော်မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အတိုင်း​ပင် တစ်ဖန်​ကြွလာ​တော်မူ​လိမ့်မည်”​ဟု မြွက်ဆို​ကြ​၏။


ထို​အရှင်​နှင့်​ပတ်သက်၍ ပရောဖက်​အားလုံး​တို့​သည်​လည်း ‘ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တိုင်း ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​၏’​ဟု သက်သေခံ​ကြ​၏”​ဟူ၍ ပြောဆို​လေ​၏။


ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။


ဤသည်ကား ထာဝရ​ဘုရား​ထံ​တော်​မှ နှစ်သိမ့်​လန်းဆန်း​ရာ​အချိန်အခါ​များ​ကျရောက်​လာ​၍ သင်​တို့​အတွက် ကြိုတင်​ခန့်ထား​တော်မူ​သည့် ခရစ်တော်​တည်းဟူသော​ယေရှု​ကို စေလွှတ်​တော်မူ​ရန်​ဖြစ်​၏။


ဖန်ဆင်း​ခံ​လောက​ကိုယ်တိုင် ပျက်စီး​ခြင်း​၏​အနှောင်အဖွဲ့​မှ လွတ်မြောက်​၍ ဘုရားသခင့်​သားသမီး​များ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော လွတ်လပ်​ခြင်း​သို့​ဝင်စား​ခွင့်​ရ​မည်​ဟူသည့် မျှော်လင့်​ခြင်း​ရှိ​သောကြောင့်​ဖြစ်​၏။


ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။


အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။


ဤသည်ကား သန့်ရှင်း​သော​ပရောဖက်​များ ကြိုတင်​ပြော​ထား​သော​စကား​တို့​ကို​လည်းကောင်း၊ သင်​တို့​၏​တမန်တော်​များ​မှတစ်ဆင့်​ရရှိ​ထား​သည့် သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​အရှင်​၏​ပညတ်​တော်​ကို​လည်းကောင်း သင်​တို့​ပြန်လည်​သတိရ​စေရန်​ဖြစ်​၏။


ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထို့နောက် ကောင်းကင်​တမန်​က “ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏။ ပရောဖက်​တို့​၏​ဝိညာဉ်​များ​ကို​ပိုင်သ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​အစေအပါး​တို့​အား​ပြသ​ရန် မိမိ​၏​ကောင်းကင်​တမန်​ကို စေလွှတ်​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos