La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တမန်တော်ဝတ္ထု 26:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။

Ver Capítulo

Common Language Bible

ယေ​ရု​ရှ​လင်​မြို့​တွင်​ထို​သို့​ပြု​ခဲ့​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​မိန့်​အာ​ဏာ ဖြင့် ယုံ​ကြည်​သူ​အ​မြောက်​အ​မြား​ကို​ထောင် သွင်း​၍​အ​ကျဉ်း​ထား​ခဲ့​ပါ​၏။ သူ​တို့​အား သေ​ဒဏ်​စီ​ရင်​ချိန်​၌​လည်း အ​ကျွန်ုပ်​သ​ဘော တူ​မဲ​ဆန္ဒ​ပေး​ခဲ့​ပါ​၏။-

Ver Capítulo

Garrad Bible

ယေ ရု ရှ လင် မြို့ တွင် ပြု လျက် ပ ရော ဟိတ် ကြီး တို့ ထံ မှ အ ခွင့် ရ ပြီး လျှင် သီး သန့် ထား တော် မူ သူ အ များ ကို ထောင် ချ၍ သေ ဒဏ် စီ ရင် သည့် ကာ လ၊ ဆ န္ဒ ပေး သည့် ပြင်၊

Ver Capítulo

Judson Bible

ယေ​ရု​ရှ​လင်​မြို့၌ ထို​အ​မှု​ကို ပြု​မိ​ပါ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ အ​ခွင့်​ရ​ပြီး​လျှင်၊ သန့်​ရှင်း​သူ​အ​များ​တို့​ကို ထောင်​ထဲ​မှာ လှောင်​ထား​ပါ၏။ သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ အ​ကျွန်ုပ်​သည် ဝန်​ခံ​ပါ၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့ကြောင့် ဂျေရုဆလင်မြို့​၌လည်း ထို​အတိုင်း​ပြုခဲ့ပါ၏။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်မင်း​အကြီးအကဲတို့​ထံမှ​ရသော အခွင့်အာဏာ​ဖြင့် ယုံကြည်သူ​များစွာ​ကို ထောင်ချရုံ​သာမက သူတို့​သေဒဏ်​ချမှတ်ခံရ​သောအခါ​၌လည်း ထောက်ခံခဲ့ပါ၏။

Ver Capítulo



တမန်တော်ဝတ္ထု 26:10
17 Referencias Cruzadas  

ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။ ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။


သူ့​ကို မြို့​ပြင်​သို့​ဆွဲထုတ်​ပြီးလျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်သေ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို ရှောလု​ဟု​ခေါ်​သော လူငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။


ရှောလု​သည်​လည်း သတေဖန်​အသတ်​ခံရ​သည့်​အမှု​၌ အလိုတူအလိုပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ​အသင်းတော်​အပေါ် ပြင်းထန်​သော​ညှဉ်းဆဲ​မှု​ဖြစ်ပေါ်​လာ​သဖြင့် တမန်တော်​တို့​မှတစ်ပါး သင်းဝင်​သူ​အပေါင်း​တို့​သည် ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်လျှောက်​သို့ ကွဲလွင့်​သွား​ကြ​၏။


ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။


ကြားနာ​သော​သူ​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​လျက် “ဤ​သူ​သည် ဂျေရုဆလင်​မြို့​၌ ဤ​နာမ​ကို ပတ္ထနာ​ပြု​သော​သူ​တို့​အား ဖျက်ဆီး​ရန် ကြိုးစား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်နှောင်​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့ ပို့ဆောင်​မည်​ဟူသော​ရည်ရွယ်ချက်​ဖြင့် ဤ​နေရာ​သို့​ရောက်လာ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​၏။


ရှောလု​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​သောအခါ တပည့်​တော်​များ​နှင့်​ပေါင်းဖော်​ရန် ကြိုးစား​သော်လည်း သူ​တို့​အားလုံး​သည် သူ့​ကို တပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​ကြ​၏။


ပေတရု​သည် အရပ်ရပ်​သို့​လှည့်လည်​၍ လုဒ္ဒ​မြို့​၌​နေထိုင်​သော သန့်ရှင်း​သူ​များ​ထံသို့​ရောက်လာ​ခဲ့​ရာ


ပေတရု​သည် လက်​ကမ်း​ပေး​၍ သူ့​ကို​ဆွဲထူ​ပြီးလျှင် သန့်ရှင်း​သူ​တို့​နှင့်​မုဆိုးမ​တို့​ကို​ခေါ်​၍ အသက်ရှင်​လျက်​ရှိ​သော​တဗိသ​ကို ပြ​လေ​၏။


အမှန်စင်စစ် ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို ညှဉ်းဆဲ​ခဲ့​သောကြောင့် တမန်တော်​များ​ထဲတွင် အသေးသိမ်ဆုံး​သော​သူ​ဖြစ်​ပြီး တမန်တော်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။


ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ထို​မိန်းမ​သည် သန့်ရှင်း​သူ​တို့​၏​သွေး​နှင့် ယေရှု​၏​သက်သေ​များ​၏​သွေး​တို့​ဖြင့် ယစ်မူး​နေ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သူ့​ကို​မြင်​ရ​သောအခါ အလွန်​အံ့ဩ​မိ​၏။