Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 9:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ပေတရု​သည် အရပ်ရပ်​သို့​လှည့်လည်​၍ လုဒ္ဒ​မြို့​၌​နေထိုင်​သော သန့်ရှင်း​သူ​များ​ထံသို့​ရောက်လာ​ခဲ့​ရာ

Ver Capítulo Copiar

Common Language Bible

32 ပေ​တ​ရု​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​သွား လာ​၏။ အ​ခါ​တစ်​ပါး​၌​လုဒ္ဒ​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထံ​သို့​ရောက်​ရှိ​လာ​၏။-

Ver Capítulo Copiar

Garrad Bible

32 ပေ တ ရု သည် ဒေ သ စာ ရီ လှည့် လည် စဉ် လု ဒ မြို့ နေ သီး သန့် ထား သူ တို့ ထံ ရောက် သော်၊

Ver Capítulo Copiar

Judson Bible

32 ပေ​တ​ရု​သည် အ​ရပ်​ရပ်​တို့​ကို လှည့်​လည်​သည်​တွင် သန့်​ရှင်း​သူ​တို့​ရှိ​ရာ လု​ဒ္ဒ​မြို့​သို့​ရောက်​လေ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ပေတရု​သည် အရပ်ရပ်​သို့ လှည့်လည်​သွားလာပြီး လုဒ္ဒမြို့​ရှိ ယုံကြည်သူများ​ထံသို့ ရောက်လေ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 9:32
18 Referencias Cruzadas  

ဧလပါလ​၏​သား​များ​မှာ ဧဗာ​၊ မိရှဟံ​၊ ရှာမက် တို့​ဖြစ်​ကြ​၏​။ ရှာမက်​သည် ဩနော​မြို့​၊ လောဒ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​ကို တည်ဆောက်​ခဲ့​၏​။


လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား စုစုပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​ငါး​ယောက်​၊


လောဒ​မြို့​၊ ဩနော​မြို့​နှင့် လက်မှုပညာသည်​ချိုင့်ဝှမ်း​တို့​၌​လည်း နေထိုင်​ကြ​၏​။


လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား​ပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊


ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။ ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။


တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။


သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။


သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။


ရှမာရိ​နယ်သား​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​လက်ခံ​ကြ​ကြောင်း ဂျေရုဆလင်​မြို့​တွင်​ရှိ​သော တမန်တော်​တို့​သည် ကြားသိ​ကြ​သောအခါ ပေတရု​နှင့်​ယောဟန်​တို့​ကို သူ​တို့​ထံသို့​စေလွှတ်​ကြ​၏။


ပေတရု​နှင့်​ယောဟန်​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို သက်သေခံ​၍​ဟောပြော​ကြ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ရင်း ရှမာရိ​နယ်သား​တို့​၏​ကျေးရွာ​များစွာ​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။


အာနနိ​က​လည်း “သခင်​ဘုရား၊ ထို​သူ​သည် ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အပေါ် မကောင်းမှု​များ မည်မျှလောက်​ပြု​ခဲ့​သည်​ကို လူ​များစွာ​တို့​ထံမှ အကျွန်ုပ်​ကြား​ရ​ပါ​သည်။


ထို​မြို့​တွင် လေဖြတ်​၍ ရှစ်​နှစ်​ပတ်လုံး အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် အဲနေ​အမည်​ရှိ​သော​လူ​တစ်​ဦး​ကို တွေ့​လေ​၏။


ပေတရု​သည် လက်​ကမ်း​ပေး​၍ သူ့​ကို​ဆွဲထူ​ပြီးလျှင် သန့်ရှင်း​သူ​တို့​နှင့်​မုဆိုးမ​တို့​ကို​ခေါ်​၍ အသက်ရှင်​လျက်​ရှိ​သော​တဗိသ​ကို ပြ​လေ​၏။


ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး​များ​ဖြစ်​ကြ​သော ငါ​ပေါလု​နှင့်​တိမောသေ​တို့​သည် ဖိလိပ္ပိ​မြို့​၌​နေ​ကြ​သော ကြီးကြပ်​သူ​များ၊ သင်းထောက်​များ​နှင့်တကွ ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos