တမန်တော်ဝတ္ထု 26:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။ Ver CapítuloCommon Language Bible11 တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။'' Ver CapítuloGarrad Bible11 ဓ မ္မာ ရုံ ရှိ သ မျှ တွင် လည်း ကြိမ် ဖန် များ စွာ ဒဏ် ပေး သ ဖြင့် ဘု ရား သ ခင် အား ပုတ် ခတ် ကြ စေ ရန် ခိုင်း ခဲ့ ပါ သည်။ သူ တို့ အ ပေါ် တွင် အ မျက် ဒေါ သ ပြင်း စွာ ထွက် လျက် နိုင် ငံ ခြား မြို့ ရွာ များ တိုင် အောင် လိုက် လံ ညှဉ်း ပန်း ရာ ပ ရော ဟိတ် ကြီး တို့ ထံ မှ အ ခွင့် အာ ဏာ ရ လျက်၊ Ver CapítuloJudson Bible11 ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားဇရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ဂျူးဝတ်ပြုဆောင်အားလုံးတွင်လည်း သူတို့ကိုမကြာခဏအပြစ်ပေး၍ အယူဝါဒကိုစွန့်လွှတ်ရန် အတင်းအကျပ်စေခိုင်းခဲ့ပါ၏။ ထို့ပြင် သူတို့အပေါ် အလွန်စိတ်ဆိုးမုန်းတီးကာ နိုင်ငံရပ်ခြားမြို့များသို့ပင်လျှင်သွား၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါ၏။ Ver Capítulo |
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။