La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဇေဖနိ 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​လျက် တစ်စိတ်တစ်သဘောတည်း​ဖြင့် ဝတ်ပြု​နိုင်​ရန် ငါ​သည် သူ​တို့​အား သန့်ရှင်း​သော​နှုတ်​ကို ပြန်ပေး​မည်​။

Ver Capítulo

Common Language Bible

``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-

Ver Capítulo

Garrad Bible

ထို ကာ လ၊ လူ အ မျိုး မျိုး တို့ သည်၊ တစ် သ ဘော တည်း ဝတ် ပြု လျက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု စေ ခြင်း ငှာ၊ နှုတ် များ ကို ငါ စင် ကြယ် စေ မည့် အ လျောက်၊

Ver Capítulo

Judson Bible

အ​ကယ်​စင်​စစ် လူ​မျိုး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို တ​ညီ​တ​ညွတ်​တည်း ဆောင်​ရွက်​မည်​အ​ကြောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဘာ​သာ​စ​ကား​ကို သူ​တို့​အား ငါ​ပြန်​ပေး​မည်။

Ver Capítulo



ဇေဖနိ 3:9
21 Referencias Cruzadas  

ထိုစဉ်က ကမ္ဘာမြေ​တစ်ခွင်လုံး​တွင် ဘာသာစကား​တစ်မျိုးတည်း​၊ အသုံးအနှုန်း​တစ်မျိုးတည်း​ရှိ​၏​။


ရှေသ​သည်​လည်း သား​ကို​ရ​၍ သူ​၏​အမည်​ကို ဧနုတ် ဟု​မှည့်ခေါ်​လေ​၏​။ ထို​ကာလ​၌ လူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို စတင်​၍​ခေါ်ဆို​ပတ္ထနာပြု​ကြ​၏​။


နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် ထာဝရဘုရား​၏​နာမ​တော်​သည် ချီးမွမ်းဖွယ်​ဖြစ်​၏​။


ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။


ထို​နေ့ရက်​တွင် အီဂျစ်​ပြည်​၌ ခါနာန်​ဘာသာစကား​ပြော​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အား တိုင်တည်ကျိန်ဆို​သော​မြို့ ငါး​မြို့​ရှိ​လိမ့်မည်​။ တစ်​မြို့​ကို ပျက်စီး​ခြင်း​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


နှုတ်ခမ်း​အသီး​ကို ငါ​ဖန်ဆင်း​၏​။ ဝေး​သော​သူ​၊ နီး​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း ရှိ​စေ​သော​။ ငါ​သည် သူ့​ကို ကုသ​ပေး​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို​မီးခဲ​ဖြင့် ငါ့​နှုတ်​ကို​တို့​ပြီးလျှင် “​ကြည့်ရှု​လော့​။ ဤ​မီးခဲ​သည် သင့်​နှုတ်ခမ်း​ကို​ထိ​ပြီ​။ သင်​၏​ဒုစရိုက်​ကို​ဖယ်ရှား​ပြီ​။ သင်​၏​အပြစ်​ကို​လည်း ဖြေလွှတ်​ပြီ​”​ဟု ဆို​၏​။


အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။


ထို​တုတ်​နှစ်ချောင်း​ကို တစ်ချောင်းတည်း​ဖြစ်​စေရန် သင့်​လက်​ထဲ​တွင် ပူး​ကိုင်​ထား​လော့​။


အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့် ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည်​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​အကြောင်း​ကို သိကျွမ်း​ခြင်း​နှင့် ပြည့်​လိမ့်မည်​။


ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် မြေ​တစ်ပြင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ထာဝရဘုရား​တစ်ပါးတည်း​၊ နာမ​တော်​တစ်ပါးတည်း​သာ ရှိ​လိမ့်မည်​။


ထို​နေ့ရက်​တွင် လူမျိုး​များစွာ​တို့​သည် ထာဝရဘုရား​ထံ​လာရောက်​ပူးပေါင်း​၍ ငါ​၏​လူမျိုး​တော် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သင့်​အလယ်​၌ ကိန်းဝပ်​မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။


ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​များ​ကို ကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​များ​ကို မကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။


သင်​တို့​၏​နှုတ်​ထဲမှ မကောင်း​သော​စကား​တစ်ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေးဇူးပြု​နိုင်​ရန် လိုအပ်​ချက်​နှင့်အညီ တည်ဆောက်​စရာ​ဖြစ်​စေ​သည့် ကောင်း​သော​စကား​တို့​ကို​သာ ပြောဆို​ကြ​လော့။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။