ဆာလံ 22:27 - မြန်မာ့စံမီသမ္မာကျမ်း27 ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။ Ver CapítuloCommon Language Bible27 လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။ Ver CapítuloGarrad Bible27 ထာ ဝ ရ ဘု ရား သည်၊ နိုင် ငံ တော်၏ ဘု ရင်၊ လူ မျိုး ခြား တို့ အ ပေါ် တွင်၊ အုပ် စိုး သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊ Ver CapítuloJudson Bible27 မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ်အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။ Ver Capítulo |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။