Biblia Todo Logo
La Biblia Online
- Anuncios -




ဇေဖနိ 2:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

11 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် လော​ကီ​ဘု​ရား​များ​ကို​ဆိတ်​သုဉ်း​စေ​တော် မူ​မည်​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​ပြည်​အ​သီး​သီး​တွင်​ကိုယ်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။

Ver Capítulo Copiar

Garrad Bible

11 လော က ဘု ရား ဟူ သ မျှ ကို ပိန် ကြုံ စေ မည့် ငါ ထာ ဝ ရ ဘု ရား သည်၊ ထို လူ မျိုး တို့ အား ကြောက် ရွံ့ ဖွယ် အ ဖြစ် ထင် ရှား လျက်၊ ကျွန်း ကြီး ကျွန်း ငယ် ရှိ လူ မျိုး ခြား အ ပေါင်း တို့ သည်၊ နေ ရင်း အ ရပ် မှ ပင်၊ ငါ့ ကို ရှိ ခိုး ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။

Ver Capítulo Copiar

Judson Bible

11 ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။

Ver Capítulo Copiar




ဇေဖနိ 2:11
36 Referencias Cruzadas  

ဤ​သူ​တို့​မှတစ်ဆင့် ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​လူမျိုး​များ ပြန့်ပွား​လာ​ကြ​၏​။ သူ​တို့​အသီးသီး​သည် အတိုင်းတိုင်း​အပြည်ပြည်​၌ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​၏​။


အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။


သူ​၏​နာမ​သည် အစဉ်အမြဲ​တည်​ပါစေသော​။ နေ​သည်​တည်​နေ​သရွေ့ သူ​၏​နာမ​သည် ဆက်၍​တည်​ပါစေသော​။ လူ​တို့​သည် သူ့​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​၍ လူမျိုး​အပေါင်း​တို့​သည် သူ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​ပါစေသော​။


အို ဘုရားရှင်​၊ ကိုယ်တော်​ဖန်ဆင်း​တော်မူ​သော လူမျိုး​အပေါင်း​တို့​သည် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို​လည်း ဂုဏ်ပြုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။


ရုပ်တု​တို့​သည်​လည်း လုံးဝ​ပျောက်ကွယ်​သွား​မည်​။


ထို​နေ့ရက်​၌ လူ​တို့​သည် မိမိ​တို့​ရှိခိုးကိုးကွယ်​ရန် ထုလုပ်​ထား​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​တို့​ကို ပွေး​များ​၊ လင်းနို့​များ​အလယ်​၌ ပစ်ထား​ကြ​မည်​။


ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။


သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။


ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ရပ်ဝေး​ရှိ​လူမျိုး​တို့​၊ အာရုံစိုက်​နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ငါ​မ​မွေး​မီ​ကပင် ငါ့​ကို​ခေါ်​တော်မူ​၏​။ အမိ​ဝမ်း​ထဲ​ရှိ​စဉ်​ကပင် ငါ​၏​နာမည်​ကို​မှတ်​တော်မူ​၏​။


သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ နော​မြို့​ရှိ​အာမုန်​ဘုရား​၊ ဖာရော​မင်းကြီး​၊ အီဂျစ်​ပြည်​နှင့် အီဂျစ်​ပြည်​၏​ဘုရား​များ​၊ ဘုရင်​များ​၊ ဖာရော​ကို ကိုးစား​သော​သူ​များ စသည်​တို့​ကို ငါ​ဒဏ်ခတ်​မည်”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် သူ​သည် ကမ်းရိုးတန်းဒေသ​များ​ဘက်​သို့​လှည့်​၍ နယ်မြေ​များစွာ​ကို သိမ်းယူ​နိုင်​လိမ့်မည်​။ သို့သော် အကြီးအမှူး​တစ်​ဦး​သည် မောက်မာစော်ကား​သော​သူ့​ကို ချိုးနှိမ်​ပစ်​လိမ့်မည်​။ ထို​မောက်မာစော်ကားမှု​ကို သူ​ပြန်​ခံရ​စေ​မည်​။


ဗာလ​ဘုရား​၏​အမည်နာမ​တို့​ကို သူ့​နှုတ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ထို​နာမည်​တို့​ကို သတိရ​တော့​မည်​မ​ဟုတ်​။


ထာဝရဘုရား​သည် မိမိ​တပ်​တော်​ရှေ့​တွင် ကျယ်လောင်​သော​အသံ​ဖြင့် အမိန့်ပေး​တော်မူ​၏​။ အကြောင်းမှာ တပ်တော်​သည် အလွန်​ကြီးမား​၏​။ အမိန့်​တော်​အတိုင်း လုပ်ဆောင်​သော​သူ​သည်​လည်း ခွန်အားကြီး​၏​။ ထာဝရဘုရား​၏​နေ့ရက်​သည် အလွန်​ကြောက်မက်ဖွယ်​ကောင်း​သော​နေ့​ကြီး​ဖြစ်၍ မည်သူ​ခံရပ်​နိုင်​မည်နည်း​။


“ငါ့​လက်​ကို​ဆန့်​ပြီး ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​အားလုံး​ကို တိုက်ခိုက်​မည်​။ ထို​အရပ်​၌ ကြွင်းကျန်​သော​ဗာလ​ဘုရား​နှင့် ရုပ်တု​ကိုးကွယ်​သော​ယဇ်ပုရောဟိတ်​များ​ဖြစ်​သော လူမျိုးခြား​တို့​၏​ယဇ်ပုရောဟိတ်​များ​ကို အမည်နာမ​နှင့်တကွ ငါ​ဖျက်ဆီး​ပစ်​မည်​။


လူ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​လျက် တစ်စိတ်တစ်သဘောတည်း​ဖြင့် ဝတ်ပြု​နိုင်​ရန် ငါ​သည် သူ​တို့​အား သန့်ရှင်း​သော​နှုတ်​ကို ပြန်ပေး​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် ထို​ပြည်​မှ ရုပ်တု​တို့​၏​အမည်​များ​ကို ပြန်လည်​အမှတ်ရ​ခြင်း မ​ရှိ​လေ​အောင် ငါ ပယ်ဖျက်​ပစ်​မည်​။ ထိုနည်းတူ ထို​ပြည်​မှ ပရောဖက်​များ​နှင့် ဝိညာဉ်ဆိုး​များ​ကို​လည်း ဖယ်ရှား​ပစ်​မည်​။


ထို​နေ့ရက်​တွင် လူမျိုး​များစွာ​တို့​သည် ထာဝရဘုရား​ထံ​လာရောက်​ပူးပေါင်း​၍ ငါ​၏​လူမျိုး​တော် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သင့်​အလယ်​၌ ကိန်းဝပ်​မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “အမြို့မြို့အနယ်နယ်​တွင်​နေထိုင်​သော​လူမျိုး​တို့ ရောက်လာ​ကြ​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ထို​ကာလ​၌ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုးခြား​ဆယ်​ဦး​သည် ဂျူး​လူမျိုး​တစ်​ဦး​၏​အဝတ်စွန်း​ကို​ဖမ်းဆွဲ​လျက် ‘သင်​တို့​နှင့်အတူ ဘုရားသခင်​ရှိ​သည်​ဟု ကြားသိ​ရ​သောကြောင့် ငါ​တို့​လည်း သင်​တို့​နှင့်အတူ​လိုက်​မည်’​ဟူ၍ ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


“အကယ်စင်စစ် နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် လူမျိုးတကာ​တို့​တွင် ငါ့​နာမ​သည် ဘုန်းကြီး​လိမ့်မည်​။ ငါ့​နာမ​သည် လူမျိုးတကာ​တို့​တွင် ဘုန်းကြီး​သောကြောင့်​ငါ့​နာမ​အဖို့ အရပ်ရပ်​မှ နံ့သာပေါင်း​များ​၊ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ထို​ဘုရား​တို့​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​၏​အဆီ​ကို​စား​၍ သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​စပျစ်ဝိုင်​ကို​သောက်​ကြ​၏​။ ထို​ဘုရား​တို့​သည် သင်​တို့​ကို ထ​၍​ကူညီမစ​ပါလေစေ​။ သင်​တို့​ကို ကွယ်ကာ​ပါလေစေ​။


သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos