၁ ရာ 23:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်က “ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏နောက်လိုက်တို့ကို ရှောလုမင်းကြီးလက်သို့ အပ်နှံကြမည်လော”ဟု မေးရာ ထာဝရဘုရားက “အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။ ထာဝရဘုရားက``ပေးအပ်ကြလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။ Garrad Bible တစ် ဖန် ဒါ ဝိဒ် က ကိ လ မြို့ သား တို့ သည် အ ကျွန်ုပ် နှင့် အ ပေါင်း ပါ တို့ ကို ရှော လု မင်း လက် တွင်း သို့ အပ် မည် လော ဟု မေး လျှောက် ပြန် သော်၊ အပ် လိမ့် မည် ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဖြစ် ၍၊ Judson Bible တစ်ဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။ |
နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အကျွန်ုပ်အားကြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သွားရမည့်လမ်းကို အကျွန်ုပ်အား သိစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ ငါ့ကိုကယ်တင်ခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာ၏။
ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
ထာဝရဘုရားသည် ငါ့အား ဖော်ပြတော်မူသောကြောင့် ငါသိရ၏။ သူတို့ပြုသောအမှုတို့ကို ငါ့အား ပြတော်မူပြီ။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
ယုဒအမျိုးသားတို့က “သင်တို့ အဘယ်ကြောင့် ငါတို့ထံ ချီလာကြသနည်း”ဟု မေးသော် သူတို့က “ရှံဆုန်ကို ဖမ်းဆီးရန်လာခြင်းဖြစ်၏။ သူသည် ငါတို့ကို ပြုခဲ့သည့်အတိုင်း ငါတို့ ပြန်ပြုမည်”ဟု ဆိုကြ၏။
ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ့လက်သို့ အပ်နှံမည်လော။ ကိုယ်တော်၏အစေအပါး ကြားသိသည့်အတိုင်း ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာမည်လော။ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါးအား ယခု သိစေပါ”ဟု လျှောက်ဆို၏။ ထာဝရဘုရားကလည်း “ချီလာလိမ့်မည်”ဟု မိန့်တော်မူ၏။
အရှင်မင်းကြီးကိုယ်တော်တိုင် ဆင်းလာလိုလျှင် ဆင်းလာတော်မူပါ။ သူ့ကို အရှင်မင်းကြီးလက်သို့ အကျွန်ုပ်တို့ အပ်ပါမည်”ဟု လျှောက်ဆိုကြ၏။
ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး