ဟေရှာယ 29:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။ Ver CapítuloCommon Language Bible15 မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။- Ver CapítuloGarrad Bible15 ငါ တို့ ကို မည် သူ မြင် နိုင် သ နည်း။ မည် သူ သိ နိုင် သ နည်း ဟု ဆို လျက်၊ ထာ ဝ ရ ဘု ရား မ သိ စေ ရန် အ ကြံ အ စည် ကို နက် နဲ စွာ ဖုံး အုပ် မည့် သ ဘော နှင့်၊ မှောင် မိုက် တွင် ပြု ကျင့် တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ ၏။ Ver CapítuloJudson Bible15 ထာဝရဘုရား မသိစေခြင်းငှာ၊ နက်နဲသောအကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ Ver Capítulo |
တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။