ယခု သင်နှင့် ငါကတိသစ္စာထားခဲ့သောအရာများနှင့်ပတ်သက်၍ ထာဝရဘုရားသည် သင်နှင့် ငါ၏ကြားမှာသက်သေအစဉ် ဖြစ်ပါစေ”ဟု ဆို၏။
ကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြုခဲ့ကြသည့် ကတိသစ္စာကို ထာဝစဉ်မပျက်မကွက်စောင့် ထိန်းနိုင်ကြစေရန်ထာဝရဘုရားသည် စီမံတော်မူပါလိမ့်မည်'' ဟုဆို၏။
ယ ခု ငါ တို့ နှစ် ဦး တိုင် ပင် သော အ မှု နှင့် စပ် လျဉ်း၍ သင် နှင့် ငါ့ အ လယ် တွင် ထာ ဝ ရ ဘု ရား အ စဉ် ရှိ တော် မူ လိမ့် မည် ဟု ဒါ ဝိဒ် အား ပြော ဆို လေ ၏။
ယခု ငါတို့နှစ်ယောက် ပြောသောအမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
သင်သည် ငါ့သမီးတို့ကိုနှိပ်စက်မည်၊ ငါ့သမီးတို့အပြင် အခြားသောမိန်းမတို့ကိုယူမည် ဆိုလျှင် ငါတို့ကြား၌လူမရှိသော်လည်း ဘုရားသခင်သည် သင်နှင့်ငါကြား၌ သက်သေဖြစ်တော်မူကြောင်းသိမှတ်လော့”ဟု ဆိုသောကြောင့်ဖြစ်၏။
အာဗြဟံ၏ဘုရား၊ နာခေါ်၏ဘုရား၊ သူတို့ဖခင်၏ဘုရားသည် ငါတို့ကြား၌ တရားစီရင်တော်မူပါစေသော”ဟု ဆို၏။ ယာကုပ်သည်လည်း မိမိဖခင်ဣဇက်ကြောက်ရွံ့သောဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
ထို့နောက် ဒါဝိဒ်သည် တော၌ ပုန်းအောင်းနေ၏။ လဆန်းပွဲနေ့ရောက်သောအခါ ရှင်ဘုရင်သည် စားတော်ခေါ်ရန် နေရာယူလေ၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။