ကမ္ဘာဦး 16:5 - မြန်မာ့စံမီသမ္မာကျမ်း5 သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible5 ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။ Ver CapítuloGarrad Bible5 ကျွန် မိန်း မ ကို အ မောင့် ရင် ခွင် ရောက် အပ် နှင်း သည့် အ လျောက် သ န္ဓေ စွဲ ကြောင်း သူ သိ သော် ကျွန် မ ကို အ ထင် အ မြင် သေး ပါ သည် တ ကား။ ကျွန် မ နှင့် အ မောင်၊ နှစ် ယောက် တို့ စပ် ကြား ထာ၀ ရ ဘု ရား တ ရား စီ ရင် တော် မူ ပါ စေ သော ဟု အာ ဗြံ အား ဆို ရာ၊ Ver CapítuloJudson Bible5 စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသောဟု၊ အာဗြံအားဆိုလေ၏။ Ver Capítulo |