ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
အာမုတ် 7:8 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ငါ့အား “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “ချိန်ကြိုးကို မြင်ပါသည်”ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က “ကြည့်ရှုလော့။ ငါ့လူမျိုးတော်အစ္စရေးတို့အလယ်တွင် ချိန်ကြိုးကို ငါချမည်။ သူတို့ကို နောက်တစ်ဖန် အလွတ်ပေးမည် မဟုတ်။ Common Language Bible ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။- Garrad Bible အို အာ မုတ်၊ မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး တော် မူ သော်၊ မှန် ထုပ် ကို မြင် ပါ သည် ဟု လျှောက် လျှင်၊ အ ရှင် ဘု ရား က၊ ငါ သည် နောင် ချမ်း သာ မ ပေး ဘဲ၊ ဣ သ ရေ လ လူ မျိုး တော့် ဘောင် တွင် မှန် ထုပ် ကို ချ မည့် အ လျောက်၊ Judson Bible အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တစ်ဖန် သူတို့ကို သည်းမခံ။ |
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
ငါသည် တရားမျှတမှုကို မျဉ်းကြိုးဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို မှန်ထုပ်ဖြစ်စေမည်။ မိုးသီးသည် လိမ်လည်မှုတို့ခိုလှုံရာအရပ်ကို ဖယ်ရှားမည်။ ရေသည် ပုန်းခိုရာအရပ်ကိုလွှမ်းမိုးမည်။
ငှက်ကြီးဝန်ပို၊ ဖြူကောင်တို့သည် ထိုပြည်ကိုပိုင်ဆိုင်ကြလိမ့်မည်။ ဒီးဒုတ်၊ ကျီးကန်းတို့သည် ထိုပြည်၌နေကြလိမ့်မည်။ ကိုယ်တော်သည် ထိုပြည်ကို လဟာမျဉ်းကြိုး၊ ဗလာနတ္တိချိန်ထုပ်တို့ဖြင့် တန်းတော်မူလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “သင်သည် ငါ့ကို ပစ်ပယ်လေပြီ။ ငါ့ကို ကျောခိုင်းသွားလေပြီ။ ထို့ကြောင့် ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ သင့်ကို သက်ညှာရသည်မှာ ငါပင်ပန်းလှပြီ။
ထာဝရဘုရားသည် ဇိအုန်သမီးပျို၏မြို့ရိုးကို ဖျက်ဆီးမည်ဟု ကြံရွယ်တော်မူပြီ။ မျဉ်းကြိုးကိုချပြီး လက်တော်ကိုဆန့်လျက် ဖျက်ဆီးတော်မူပြီ။ တံတိုင်းနှင့်မြို့ရိုးတို့အား ငိုကြွေးမြည်တမ်းစေတော်မူပြီ။ အားလုံးပြိုကျပျက်စီးလေပြီ။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။
ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
ငါ့အား “သင်မည်သည့်အရာကို မြင်သနည်း”ဟု မေးသော် ငါကလည်း “ထိပ်တွင် ဖလားတစ်ခုပါပြီး ရွှေအတိဖြစ်သောဆီမီးခုံကို မြင်ရပါ၏။ ထိုဆီမီးခုံတွင် အလက်ခုနစ်ခုပါ၏။ ထိုအလက်များထိပ်တွင် မီးခွက် ခုနစ်ခုပါရှိ၏။
ထိုအခါ ကောင်းကင်တမန်က ငါ့အား “သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးလျှင် ငါက “အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိသောစာလိပ်တစ်လိပ် ပျံဝဲနေသည်ကို မြင်ရပါ၏”ဟု ပြန်လျှောက်လေ၏။