ဇာခရိ 5:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ကောင်းကင်တမန်က ငါ့အား “သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးလျှင် ငါက “အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိသောစာလိပ်တစ်လိပ် ပျံဝဲနေသည်ကို မြင်ရပါ၏”ဟု ပြန်လျှောက်လေ၏။ Ver CapítuloCommon Language Bible2 ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။ Ver CapítuloGarrad Bible2 စေ တ မန် တော် က၊ မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး လျှင်၊ အ လျား အ တောင် နှစ် ဆယ်၊ အ နံ ဆယ် တောင် ကျယ် သော စာ လိပ် ပျံ ဝဲ သည် ကို၊ မြင် ပါ သည် ဟု ပြန် လျှောက် ၏။ Ver CapítuloJudson Bible2 ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်တစ်ဆယ်ရှိပါသည်ဟု လျှောက်၏။ Ver Capítulo |