ယေရမိ 15:6 - မြန်မာ့စံမီသမ္မာကျမ်း6 တစ်ဖန် ထာဝရဘုရားက “သင်သည် ငါ့ကို ပစ်ပယ်လေပြီ။ ငါ့ကို ကျောခိုင်းသွားလေပြီ။ ထို့ကြောင့် ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ သင့်ကို သက်ညှာရသည်မှာ ငါပင်ပန်းလှပြီ။ Ver CapítuloCommon Language Bible6 သင်တို့သည်ငါ့အားပစ်ပယ်ကြလေပြီ။ သင်တို့သည်ငါ့အားကျောခိုင်းကြလေပြီ။ ငါသည်အမျက်ဒေါသချုပ်တည်းမှုကို ငြီးငွေ့ပြီဖြစ်သဖြင့် လက်တော်ကိုဆန့်၍သင်တို့အားဖျက်ဆီးလေပြီ'' ဟုထာဝရဘုရားမိန့်တော်မူ၏။ Ver CapítuloGarrad Bible6 ငါ လည်း သ ဘော တော် ပြောင်း ၍၊ ပန်း လှ ပြီ ဖြစ် သော ကြောင့်၊ သင့် ကို ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ဖျက် ဆီး လေ ပြီ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Ver CapítuloJudson Bible6 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါ့ကိုစွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကိုဆန့်၍ သင့်ကိုဖျက်ဆီးမည်။ ငါသည် နောင်တရ၍ငြီးငွေ့ပြီ။ Ver Capítulo |
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။