သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
အာမုတ် 2:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။ Common Language Bible ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရု ရှ လင် မြို့ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ယု ဒ ပြည် သို့ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။ Judson Bible ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ |
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဤမြို့ကို အကောင်းမဟုတ် အဆိုးအတွက် ငါထားထား၏။ ဘေဘီလုံဘုရင်လက်သို့အပ်သဖြင့် သူသည် မီးရှို့ပစ်လိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
အစ္စရေးသည် သူ့ကိုဖန်ဆင်းတော်မူသောအရှင်ကို မေ့လျော့၍ ဘုံဗိမာန်များစွာကို တည်လေပြီ။ ယုဒသည်လည်း ခံတပ်မြို့များကို တည်လေပြီ။ သို့သော် ငါသည် ထိုမြို့များအပေါ်သို့ မီးကိုကျရောက်စေ၍ ခံတပ်မြို့များကို လောင်ကျွမ်းစေမည်။”
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ရန်သူသည် သင့်ပြည်ကို ဝိုင်းရံ၍ သင်၏အားအင်ကို ယုတ်လျော့စေမည်။ သင်၏ခံတပ်များကိုလည်း သိမ်းပိုက်လိမ့်မည်”ဟု မိန့်ဆိုတော်မူပြီ။
ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။