Biblia Todo Logo
La Biblia Online
- Anuncios -




အာ​မုတ် 3:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “ရန်သူ​သည် သင့်​ပြည်​ကို ဝိုင်းရံ​၍ သင်​၏​အားအင်​ကို ယုတ်လျော့​စေ​မည်​။ သင်​၏​ခံတပ်​များ​ကို​လည်း သိမ်းပိုက်​လိမ့်မည်”​ဟု မိန့်ဆို​တော်မူ​ပြီ​။

Ver Capítulo Copiar

Common Language Bible

11 သို့​ကြောင့်​ရန်​သူ​တစ်​နိုင်​ငံ​သည်​သူ​တို့​၏ မြို့​များ​ကို​ဝိုင်း​ရံ​၍ သူ​တို့​၏​ခံ​တပ်​များ ကို​ဖြို​ခွင်း​လိုက်​မည်။ သူ​တို့​၏​ဘုံ​နန်း​များ ကို​လည်း​လု​ယက်​ဖျက်​ဆီး​လိမ့်​မည်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

11 သို့ ဖြစ်၍၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ နေ ပြည် ကို ဝိုင်း ထား အံ့ သော ရန် သူ သည်၊ ခံ မြို့ ကို ဖြို လှဲ လျက်၊ ဘုံ ဗိ မာန် များ ကို လု ယက် လိမ့် မည်။

Ver Capítulo Copiar

Judson Bible

11 ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို​ဝိုင်း​ပြီး​လျှင်၊ သင်၏​အ​စွမ်း​သ​တ္တိ​ကို နှိမ့်​ချ၍၊ ဗိ​မာန်​တို့​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။

Ver Capítulo Copiar




အာ​မုတ် 3:11
17 Referencias Cruzadas  

ယာကုပ်​၏​သား​တို့​သည် မိမိ​တို့​နှမ​ကို မြို့သား​တို့​ညစ်ညူး​စေ​သောကြောင့် အသတ်ခံရ​သော​သူ​တို့​ထံသို့​လာ​၍ သူ​တို့​၏​မြို့​ကို သိမ်းယူ​ကြ​၏​။


အဆီးရီးယား​ဘုရင်​ပုလ​မင်းကြီး​သည် အစ္စရေး​ပြည်​ကို လာရောက်​တိုက်ခိုက်​သဖြင့် မေနဟင်​က ပုလ​မင်းကြီး မိမိ​နှင့်​လက်တွဲ​ပြီး မိမိ​လက်​ထဲ၌​နိုင်ငံ​တော်​တည်မြဲ​လာ​စေရန် ငွေ​တာလန်​တစ်ထောင်​ကို ဆက်သ​လိုက်​၏​။


အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​လက်ထက်​တွင် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​သည် စစ်ချီလာ​၍ ဣယုန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​၊ ယာနော​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဂိလဒ်​ပြည်​၊ ဂါလိလဲ​ပြည်​နှင့် နဿလိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ပြီး ပြည်သူပြည်သား​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​၏​။


သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မီးရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို ဖြိုချ​ပစ်​၏​။ နန်းတော်​တစ်ခုလုံး​ကို​လည်း မီး​ရှို့​ပြီး အဖိုးတန်​အသုံးအဆောင်​အားလုံး​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​၏​။


သူ​ဝါးမျိုစရာ တစ်စုံတစ်ရာ​ကျန်​မည်​မ​ဟုတ်​။ သူ့​စည်းစိမ်​များ​လည်း တည်မြဲ​မည်​မ​ဟုတ်​။


ထို့ကြောင့် ငါ​သည် ယုဒ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ဂျေရုဆလင်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။


စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဆောင်းရာသီ​စံအိမ်​၊ နွေရာသီ​စံအိမ်​တို့​ကို ငါ​ဖြိုဖျက်​ပစ်​မည်​။ ဆင်စွယ်​အိမ်​များ​ကို​လည်း​ဖျက်ဆီး​သဖြင့် ခမ်းနားထည်ဝါ​သော​စံအိမ်​များ ပျက်စီး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


“အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ကြည့်ရှု​လော့​။ သင်​တို့​ကို ဆန့်ကျင်​မည့်​လူမျိုး​တစ်​မျိုး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ​တို့​သည် သင်​တို့​ကို လီဘို​ဟာမတ်​မြို့​မှ အရာဗ​လွင်ပြင်​တိုင်အောင် လိုက်လံညှဉ်းဆဲ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​သည် မိမိကိုယ်ကို​တိုင်တည်ကျိန်ဆို​တော်မူ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​က “ယာကုပ်​၏​မာန​ကို ငါ​ရွံရှာ​၏​။ သူ​၏​ခံတပ်​များ​ကို​လည်း ငါ​မုန်း​၏​။ ထို့ကြောင့် မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​ကို ရန်သူ​လက်​သို့​အပ်ပစ်​မည်”​ဟု မိန့်​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos