ယေရမိ 39:8 - မြန်မာ့စံမီသမ္မာကျမ်း8 ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။ Ver CapítuloCommon Language Bible8 ဤအတောအတွင်း၌ဗာဗုလုန်အမျိုး သားတို့သည် ဘုရင့်နန်းတော်နှင့်ပြည်သူ တို့၏အိမ်များကိုမီးရှို့ကာယေရုရှလင် မြို့ရိုးတို့ကိုဖြိုချကြ၏။- Ver CapítuloGarrad Bible8 ခါ လ ဒဲ တပ် သား တို့ လည်း နန်း တော် မှ စ သော မြို့ သူ မြို့ သား တို့၏ အိမ် များ ကို မီး တိုက်၍၊ ယေ ရု ရှ လင် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး နောက်၊ Ver CapítuloJudson Bible8 ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲသားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။ Ver Capítulo |
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။