အာမုတ် 7:4 - မြန်မာ့စံမီသမ္မာကျမ်း4 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။ Ver CapítuloCommon Language Bible4 ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ နောက်တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌အရှင် ထာဝရဘုရားသည် မိမိလူမျိုးကိုမီးဒဏ် ဖြင့်အပြစ်ပေးရန်ပြင်ဆင်နေတော်မူသည် ကိုတွေ့ရသည်။ ထိုမီးသည်မြေအောက်သမုဒ္ဒ ရာတစ်ခုလုံးခန်းခြောက်အောင်ကျွမ်းလောင် ပြီးနောက် ကုန်းပေါ်မှာစတင်တောက်လောင် လာ၏။- Ver CapítuloGarrad Bible4 တစ် ဖန်၊ အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ ဘက် ပြိုင် တော် မူ ရာ ကူ ညီ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ခေါ် တော် မူ သော မီး သည်၊ မ ဟာ ရေ ထု ကို ကျွမ်း လောင် ပြီး လျှင်၊ မြေ ထု ကို လည်း ကျွမ်း လောင် မည့် ပြု ကြောင်း ငါ မြင် ရာ၊ Ver CapítuloJudson Bible4 တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှာ မီးကိုခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။ Ver Capítulo |
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။