ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ဟေရှာယ 3:1 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။ Common Language Bible ယခုအခါထာဝရဘုရား၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ပြည်သူတို့မှီခို အားထားသူမှန်သမျှနှင့် ဝတ္ထုပစ္စည်းမှန် သမျှကိုယေရုရှလင်မြို့နှင့်ယုဒပြည်မှ ပယ်ရှားတော်မူတော့မည်။ ကိုယ်တော်သည် သူတို့၏အစာရေစာများကိုရုပ်သိမ်း တော်မူလိမ့်မည်။- Garrad Bible အ သို့ ဆို သော်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သ ခင် သည်၊ ခဲ ဖွယ် သောက် ဖွယ် အ မှီ တ ကဲ ရှိ သ မျှ မှ စ၍၊ စွမ်း ရည် ကောင်း သူ၊ စစ် သူ ရဲ၊ တ ရား မင်း၊ ပ ရော ဖက်၊ ဗေ ဒင် တတ်၊ လူ ကြီး၊ ငါး ဆယ် အုပ် ဗိုလ်၊ မျက် နှာ ကြီး သူ၊ အ ကြံ ပေး သူ၊ လက် မြောက် သူ၊ မန္တ ရား တတ် သူ တည်း ဟူ သော အ ထောက် အ ပံ့ အ မှီ တ ကဲ တို့ ကို ယေ ရု ရှ လင် မြို့ နှင့် ယု ဒ ပြည် မှ နုတ် ပယ် တော် မူ ပြီး လျှင်၊ Judson Bible အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။ |
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့်
သို့သော် ရာဗရှာခက “ငါ့သခင်သည် သင်တို့၏သခင်နှင့် သင်တို့ကိုသာ ဤစကားတို့ကိုပြောကြားရန် ငါ့ကိုစေလွှတ်သည်မဟုတ်။ သင်တို့နှင့်အတူ ကိုယ့်မစင်ကိုယ်စား၊ ကိုယ့်ဆီးကိုယ်သောက်ကြသည့် မြို့ရိုးပေါ်တွင်ထိုင်သောသူတို့ကိုလည်း ပြောကြားရန် စေလွှတ်သည်”ဟု ဆို၏။
ငါ၏လူမျိုးတော်သည် ထိုသို့ အသိပညာမဲ့သဖြင့် ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ ဂုဏ်သရေရှိသောသူတို့သည် ငတ်မွတ်သောသူဖြစ်ကြလိမ့်မည်။ လူအလုံးအရင်းသည် ရေငတ်၍ သေကြရလိမ့်မည်။
သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။
လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။
ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့်
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
အကျွန်ုပ်တို့သောက်သောရေသည် ငွေဖြင့် ဝယ်ရပါ၏။ ထင်းသည်လည်း အဖိုးအခပေးရပါ၏။
“အချင်းလူသား၊ ပြည်တစ်ပြည်ရှိပြည်သားတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုပြစ်မှားကြလျှင် ငါသည် လက်ကိုဆန့်ပြီး ထိုပြည်၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေပြီး ထိုပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
တစ်ဖန် ထာဝရဘုရားက “သင်တို့မြို့ရွာတိုင်းရှိလူတို့၏သွားကို စင်ကြယ်စေ၏။ နေရာတိုင်းတွင် အစာရေစာပြတ်လပ်စေ၏။ ဤသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု မိန့်တော်မူ၏။
ယခု သင်သည် သားဖွားသောမိန်းမဝေဒနာခံစားရသကဲ့သို့ အဘယ်ကြောင့် ကျယ်လောင်စွာအော်ဟစ်နေသနည်း။ သင်၌ ရှင်ဘုရင်မရှိသောကြောင့်လော။ သင့်ကို အကြံပေးသူ မရှိတော့သောကြောင့်လော။