မိက္ခာ 4:9 - မြန်မာ့စံမီသမ္မာကျမ်း9 ယခု သင်သည် သားဖွားသောမိန်းမဝေဒနာခံစားရသကဲ့သို့ အဘယ်ကြောင့် ကျယ်လောင်စွာအော်ဟစ်နေသနည်း။ သင်၌ ရှင်ဘုရင်မရှိသောကြောင့်လော။ သင့်ကို အကြံပေးသူ မရှိတော့သောကြောင့်လော။ Ver CapítuloCommon Language Bible9 သင်သည်အဘယ်ကြောင့်ကျယ်လောင်စွာ အော်ဟစ်ရပါသနည်း။ မီးဖွားသောမိန်းမ ကဲ့သို့အဘယ်ကြောင့်ဝေဒနာခံနေရ ပါသနည်း။ သင်၌အုပ်စိုးမည့်ရှင်ဘုရင် မရှိသောကြောင့်လော၊ သင်၏အတိုင်ပင် ခံများအနိစ္စရောက်ကုန်ကြသောကြောင့် လော။- Ver CapítuloGarrad Bible9 သင် အော် ဟစ် လျက်၊ မီး ဖွား သော မိန်း မ ကဲ့ သို့ ဝေ ဒ နာ ခံ စား လျက် နေ သည် မှာ၊ ဘု ရင် သုန်း၊ မင်း တိုင် ပင် တုံး သော ကြောင့် လော။ Ver CapítuloJudson Bible9 ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သောအသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင်တစ်ယောက်မျှ မရှိသလော။ အကြံပေးသောမှူးမတ် ပျောက်ပျက်သလော။ သားဖွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာကို ခံရပါသည်တကား။ Ver Capítulo |
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”