ဝတ်ပြု 26:26 - မြန်မာ့စံမီသမ္မာကျမ်း26 အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။ Ver CapítuloCommon Language Bible26 ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။ Ver CapítuloGarrad Bible26 သင် တို့ အ စာ အာ ဟာ ရ အ ထောက် အ ခံ ကို ငါ ချိုး ဖျက် သည့် ကာ လ မိန်း မ ဆယ် ယောက် တို့ သည် မီး တစ် ဖို တည်း တွင် ပေါင်း၍ အ လေး ချိန် အ တိုင်း မုန် ပြန် ပေး ကြ ရာ သင် တို့ စား ရ သော် လည်း ဝ ကြ မည် မ ဟုတ် ချေ။ Ver CapítuloJudson Bible26 သင်တို့၏အစာအာဟာရ အထောက်အပင့်ကို ငါပယ်ရှားသောအခါ၊ မိန်းမတစ်ကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတစ်ဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။ Ver Capítulo |